close

ဒိန်းမတ်ဂိုးသမားကို လေဆာဖြင့်ထိုးခဲ့မှုအတွက် အင်္ဂလန်အသင်း ဒဏ်ကြေးပေးဆောင်ရမည်

ယူရို ၂၀၂၀ ပြိုင်ပွဲ ဒိန်းမတ်နဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂိုးသမားရှမိုက်ကယ်ကို အင်္ဂလန်ပရိသတ်ထဲကနေ လေဆာနဲ့ထိုးခဲ့မှု အတွက် အင်္ဂလန်အသင်းကို ဒဏ်ငွေချမှတ်တော့မယ်လို့သိရပါတယ်။

အဲဒီဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ပင်နယ်တီကန်သွင်းချိန်မှာ ဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ရဲ့မျက်နှာကို အင်္ဂလန်ပရိသတ်တွေထဲကနေ လေဆာမီးနဲ့ထိုးခဲ့တာပါ။

ဒါ့အပြင် အင်္ဂလန်ပရိသတ်တွေဟာ ပွဲမစခင် ဒိန်းမတ်အသင်းရဲ့ နိုင်ငံတော် သီချင်းသီဆိုချိန်မှာလည်း လှောင်ပြောင်အော်ဟစ်ခဲ့သလို မီးရှူးမီးပန်းတွေလည်း ပစ်ဖောက်ခဲ့ ပြီး အဲဒီအမှုတွေအတွက်လည်း ယူအီးအက်ဖ်အေကစွဲချက်တင်ထားပါတယ်။ 

ယူအီးအက်ဖ်အေဟာ ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ပွဲစဉ်မှာ စီရော်နယ်ဒိုကို လေဆာနဲ့ထိုးခဲ့တဲ့ ပရိသတ် တစ်ဦးကြောင်း လိုင်ယွန်အသင်းကို ဒေါ်လာ ၅၀၀၀ ဒဏ်ကြေး ချမှတ်ခဲ့ဖူးပါတယ်။ 

အင်္ဂလန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကတော့ လေဆာနဲ့ထိုးခဲ့တဲ့ ပရိသတ်ဟာ မိုက်မဲသူဖြစ်ပြီး အဲဒီလိုကိစ္စမျိုးကို လက်မခံနိုင်ကြောင်း၊ ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်မှာဖြစ်ကြောင်း ပြောပါတယ်။

 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up