close

မွန်ပြည်နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာနှင့်သံသယလူနာ ၁၂ ဦး ထပ်မံသေဆုံး

မွန်ပြည်နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယလူနာ ၁၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကိုဗစ်အရေးကူညီနေသူတွေက DVB ကို ပြောပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးမှာ မော်လမြိုင်မြို့နယ်က ၁၀ ဦးနဲ့ ချောင်းဆုံမြို့နယ် ၁ ဦး၊ စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

ကိုဗစ်သံသယလူနာ သေဆုံးသူ တစ်ဦးကတော့ မော်လမြိုင်၊ ကျောက်တန်းရပ်ကွက်က အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာတွေဟာ အောက်စီကျပြီး သေဆုံးသွားတာ အများစု ပါဝင်နေတယ်လို့ ကိုဗစ်အရေးကူညီနေသူတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၂၀၀၀ ကျော်ထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ သေဆုံးသူ ၇၀ နီးပါးထိ  ရှိလာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up