close

ဧရာဝတီတိုင်းမ် သတင်းထောက် ကိုအောင်မြသန်း ထောင်ကလွတ်ပြီး ၁၀ ရက်ကြာ ပြန်အဖမ်းခံရ

ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ မအူပင်အခြေစိုက်သတင်းထောက် ကိုအောင်မြသန်းကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့ပြီး ၁၀ မြောက်တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ညပိုင်းမှာ ပြန်လည်ဖမ်းဆီးသွားပါတယ်။

သတင်းထောက် ကိုအောင်မြသန်းရဲ့ မိသားစုဝင်တွေကတော့ အဖမ်းခံရတာသိပေမယ့် ဘယ်လိုအကြောင်းကြောင့် ဘယ်နေရာမှာ ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးသလို အဆက်အသွယ်လည်း မရသေးဘူးလို့ ပြော ပါတယ်။

"မနေ့ညပိုင်းက စစ်တပ်ကဖမ်းသွားတာ ဘာကြောင့်ဖမ်းတာလည်းတော့ မသိရသေးဘူး၊ ဒီမနက်ပိုင်းတော့ ရဲစခန်းမှာတွေ့တယ်''လို့ ကိုအောင်မြသန်းရဲ့ မိတ်ဆွေတစ်ဦးက ဒီဗွီဘီကိုပြော ပါတယ်။

ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မိသားစုနဲ့ ဆက်သွယ်လို့ အတည်ပြုလို့ရပေမယ့် ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးတဲ့အကြောင်းနဲ့ လိုအပ်တာတွေကူညီပေးဖို့တော့ ပြင်ဆင်နေတယ်လို့ ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ တစ်ဦးက DVB ကိုပြောပါတယ်။

" လွတ်လာတာ ရက်ပိုင်းရှိသေးတယ်။ ဒီလို ခဏခဏ သံသယနဲ့ ဖမ်းနေတာတော့ အဓိပ္ပါယ်မရှိဘူး။ သူ့အခြေအနေကို အသေးစိတ်သိရဖို့ ကျနော်တို့ စုံစမ်းနေပါတယ်၊ ဘာကြောင့်အဖမ်းခံရတာသိရင် ဥပဒေကြောင်းအရ ကူညီပေးဖို့လည်း စီစဥ်နေပါတယ်''လို့ ပြောပါတယ်။

မအူပင်မြို့မရဲစခန်းမှာ ကိုအောင်မြသန်းကို စစ်တပ်ကဖမ်းဆီးပြီး ရဲစခန်းမှာလာချုပ်ထားပေမယ့် ရဲစခန်းတာဝန်ရှိသူတွေက မိသားစုနဲ့တွေ့ခွင့်ပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ကိုအောင်မြသန်းဟာ မေလ ၂၅ ရက်နေ့က ပထမအကြိမ် ဖမ်းဆီးခံရပြီးနောက် ၃၆ ရက်ကြာထောင်ထဲနေခဲ့ရကာ  ဇွန်လ ၃၀ ရက်နေ့က ပြန်လွတ်လာတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up