close

ပြင်ဦးလွင်မြို့၌ ဈေးဆိုင်ဖွင့်ချိန် ယာယီပြောင်းလဲ သတ်မှတ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ ဆေးဆိုင်၊ အခြေခံစားသောက်ကုန်ဆိုင်တွေအပြင် အစားအသောက်ရောင်းချတဲ့ ဆိုင်တွေကို  ဇူလိုင် ၁၁ ရက်နေ့ကစပြီး မနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမယ်လို့  ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။ 

စစ်တပ်တွေအခြေစိုက်တဲ့ ပြင်ဦးလွင်မြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူရော သေဆုံးသူပါ တိုးလာပြီးနောက် ခုလိုလုပ်ဆောင်တာဖြစ်ပါတယ်။ 

ပြင်ဦးလွင်မြို့မှာ ဒီကနေ့ ဇူလိုင် လ ၁၁ ရက် မနက်ပိုင်းမှာတော့ ကိုဗစ်-၁၉ အတည်ပြု လူနာ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။  ဇူလိုင် ၁ ရက် မှ ၁၀ ရက်အထိ  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ  ၂၈၄  ဦး ရှိပြီး သေဆုံးသူ  ၁၃ ဦး ရှိတယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။ 

ပြင်ဦးလွင်မြို့နယ်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့အတွက်  Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကာ အသွားအလာ ကန့်သတ်ထားတဲ့အပြင် စားသောက်ဆိုင်တွေကိုလည်း ပါဆယ်အဖြစ်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားပါတယ်။

ဒါ့အပြင် မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေ ထားရှိထားပြီး အိမ်အပြင်ထွက်ခွင့်ကတ်တွေကိုပါ လုပ်ပေးထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၃၇၇ ယောက်၊ သေဆုံးသူ ၇၁ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၈၈,၇၅၂ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up