close

မကွေးမြို့၌ အချုပ်သား ၁၀ ဦးအပါဝင် ကိုဗစ်- ၁၉ အတည်ပြုလူနာ ၄၀ တွေ့ရှိ

မကွေးမြို့မှာ ဇူလိုင် ၁၁ ရက်နေ့က အချုပ်သား ၁၀ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ယောက်  ၄၀ ဦးတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

မကွေးမြို့မရဲစခန်းက အချုပ်သား ၁၀ ယောက်အပါအဝင် စစ်ကောင်စီရဲ့ဝန်ထမ်း ၁၉ ယောက်နဲ့ ဒေသခံပြည်သူ ၁၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရတဲ့ စစ်ကောင်စီရဲ့ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေကိုတော့ မကွေးတိုင်းပြည်သူဆေးရုံ ၅ ထပ်ဆောင်မှာကုသပေးမှာဖြစ်ပြီး အချုပ်သား ၁၀ ယောက်ကို ဘယ်မှာကုသပေးမယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၃၀၀ ကျော်ရှိပြီး သေဆုံးတဲ့သူ ၁၉ ယောက်ရှိပြီလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up