close

တရုတ်ကိုကျော်ပြီး ကမ္ဘာ့လူဦးရေအများဆုံးဖြစ်လာမည့် အိန္ဒိယတွင် အိမ်ရာပြဿနာကြုံနေ

အိန္ဒိယနိုင်ငံဟာ ၂၀၂၇ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက် နေရာယူတော့မယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။

လက်ရှိ လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံက မြို့ကြီးတွေမှာ အိမ်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရပြီး ပညာရေးနဲ့ ပိုကောင်းတဲ့ အလုပ်အကိုင်ရရှိရေး ရွာတွေကနေ မြို့တွေပေါ် ရွှေ့လာကြတဲ့ လူတွေကိုလည်း မျက်မြင်တွေ့နေရပါတယ်။

ဒါပေမဲ့ မြို့တော် နယူးဒေလီ အပါအဝင် လူသန်းချီရှိတဲ့ မြို့ကြီးတွေမှာ လူအများ တတ်နိုင်တဲ့ အိမ်ရာကိစ္စ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာဖြစ်နေလို့ တရားမဝင် ကျူးကျော် ရပ်ကွက်တွေ မှိုလိုပေါက်နေတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

မြို့ပြ ကျူးကျော်ရပ်ကွက်တွေ အပါအဝင် တရားမဝင် အိမ်ရာတွေကြောင့် အစီအစဉ်တကျ မရှိတဲ့ ရေဆင်းမြောင်းတွေ၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ လျှပ်စစ်မီး တသမတ်တည်း မရတာတွေ အပြင် ညံ့ဖျင်းတဲ့ရေဆိုးစနစ်တွေကို ရင်ဆိုင်နေရပါတယ်။

ဝန်ကြီးချုပ် နရင်ဒြာမိုဒီကတော့ အားလုံးအတွက် အိမ်ရာ စီမံကိန်းကို ၂၀၁၅ မှာ စတင်ခဲ့ပြီး ၂၀၂၂ မှာ အဆုံးသတ်မှာပါ။ ဒီစီမံကိန်းအောက်မှာ ကျေးလက်အိမ် သန်း ၃၀ နဲ့ မြို့ပြ အိမ်ရာ သန်း ၂၀ တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။

အိန္ဒိယရဲ့ လူအထူဆုံးပြည်နယ် ဥတ္တာပရာဒေ့ရှ်မှာတော့ ကလေး ၂ ယောက်ထက် ပိုမယူရေး ရည်မှန်းထားတဲ့ ဥပဒေကို လတ်တလောမှာ အဆိုပြုထားပါပြီ။ လူမှုအတိုင်ပင်ခံ အုပ်စု FSG ရဲ့ ၂၀၁၈ အစီရင်ခံစာအရ အိန္ဒိယ မိသားစု ၁၄ သန်းဟာ ကျူးကျော်အိမ်ရာတွေ အပါအဝင် တရားမဝင် အိမ်ရာတွေမှာ နေထိုင်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up