close

မန္တလေးတွင် ကိုဗစ်-၁၉ လူနာနှင့် သံသယလူနာ ၃၀ ဦးသေဆုံး

မန္တလေးမြို့မှာ ဇူလိုင် ၁၄ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ အယောက်  ၃၀ သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။

ဇူလိုင် ၁၄ ရက်က မန္တလေးဆေးရုံကြီးမှာ ၂၃ ဦး၊ ကန်တော်ကြီးသံဃာဆေးရုံမှာ ၃ဦး၊ အလုပ်သမားဆေးရုံမှာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်သံသယရှိသူ ၁ ဦး သေဆုံးခဲ့တာဖြစ်ပြီး ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အေးရိပ်ငြိမ်ဘာသာပေါင်းစုံသုသာန်ကို  ကူညီပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

ဒါ့အပြင် အရပ်ထဲမှာ ကိုဗစ်သံသယန့သေဆုံးသွားသူ ၂ ဦးကိုလည်း မြတ်သဒ္ဓါလူမှုနာမှုကူညီရေးအသင်းက အေးရိပ်ငြိမ်ဘာသာပေါင်းစုံသုသာန်ကို ကူညီပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပြီး  မြေပြင်မှာ သေဆုံးသူစာရင်းမှာ ပိုများနိုင်ပါတယ်။

သေဆုံးသူအများစုက အောက်ဆီဂျင် မလုံလောက်တဲ့အတွက် အသက်ရှူရပ်ပြီး သေဆုံးနေတာ ဖြစ်ပါတယ်။ 

ရပ်ကွက်အတွင်း အပြင်ဆေးခန်းပြပြီး ကြိတ်ကုနေတာကြတဲ့ လူနာတွေ၊ အိမ်မှာပဲ ကုသမှုခံယူနေရတဲ့ လူနာတွေနဲ့ ကိုဗစ်ရောဂါ သံသယနဲ့  သေဆုံးသူတွေလည်း များစွာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up