ဆန်ချို အသင်းပြောင်းသွားသည့်အပေါ် ဝမ်နည်းမိကြောင်း တိုက်စစ်မှူးဟာလန်းပြော

အသင်းဖော်ကစားသမားဆန်ချို အသင်းပြောင်းရွှေ့သွားတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းက ပြောပါတယ်။
အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ မန်ယူအသင်းကို ပေါင် ၇၉ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုမှာပါ။
ဆန်ချိုနဲ့ နားလည်းမှုရှိနေပြီဖြစ်တာကြောင့် အသင်းပြောင်းရွှေ့ကစားမယ့်အပေါ်ဝမ်းနည်းမိပြီး ကောင်းမွန်တဲ့ ကစားသမား သစ်ခေါ်ယူဖို့လိုတယ်လို့ ဟာလန်းကပြောပါတယ်။
“ကျနော်နဲ့ ဂျေဒန်က တစ်ယောက်နဲ့တစေယောက် နားလည်မှုရှိပြီး သူကထိပ်တန်းကစားသမားတစ်ဦးပါ။ သူအသင်းပြောင်းသွားတာက ဝမ်းနည်းစရာဖြစ်တာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ဘောလုံးမှာက ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ ကြိုသိတဲ့အရာမဟုတ်ပါဘူး။ နားလည်မှုရှိပြီးသားသူတစ်ဦးကို ဆုံးရှုံးလိုက်ရပေမယ့် ကျနော်နဲ့ အတွဲညီမယ့် တခြား ကစားသမားကောင်းတွေလည်း ရှိနိုင်ပါသေးတယ်။ အဲဒီလိုသာရှိခဲ့ရင် ကျနော့်ခြေစွမ်းက ပိုတောင်ကောင်းလာနိုင်ပါသေးတယ်” လို့ ဟာလန်းကပြောပါတယ်။
ဆန်ချိုဟာ ဒေါ့မွန်အတွက် စုစုပေါင်း ၁၃၇ ပွဲမှာ ဂိုး ၅ဝ သွင်းပြီး ၆၄ ကြိမ်အထိ ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။