ဆန်ချိုက ငယ်ရွယ်သော်လည်း အတွေ့အကြုံရှိသည့် ပါရမီရှင်ဟု မက်ဂွိုင်းယား ချီးကျူး

မန်ချက်စတာယူနိုက်တက် ကစားသမားသစ် ဂျေဒန်ဆန်ချိုဟာ ငယ်ရွယ်ပေမယ့် အတွေ့အကြုံရှိတဲ့ ပါရမီရှင်ကစားသမား ဖြစ်တယ်လို့ နောက်ခံလူ မက်ဂွိုင်ယားက ချီးကျူးပါတယ်။
အသက် ၂၁ နှစ်ရှိ ဆန်ချိုဟာ ယူနိုက်တက်အသင်းကို ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့ကစားမှာ ဖြစ်ပြီး တရားဝင်စာချုပ် မချုပ်ရသေးပေမယ့် ယူနိုက်တက်နဲ့ ဒေါ့မွန်အသင်းတွေဘက်က အတည်ပြုထားပြီး ဖြစ်ပါတယ်။
ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်ယားက “ပထမဆုံးအနေနဲ့ ပြောရရင် ဂျေဒန်က ထိပ်တန်းကစားသမားဖြစ်ပြီး ထူးခြားတဲ့ပရမီရှင်တစ်ဦးပါ။ သူက အသက်ငယ်သေးပေမယ့် အတွေ့အကြုံတွေ အများကြီးရှိတယ်ဆိုတာ ဂ်ာမနီမွာ သူ လုပ်ဆောင်ပြခဲ့တဲ့ မှတ်တမ်းတွေက သက်သေပြနေပါတယ်။ သူက ခမ်းနားတဲ့ ကစားသမားပါ။ လက်မှတ်မထိုးရသေးတာ၊ မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ဦးအဖြစ် အတည်မပြုနိုင်သေးတာမျိုးတွေ ရှိပေမယ့်လည်း အနီးစပ်ဆုံး ရောက်နေပြီဆိုတာ သိပါတယ်” လို့ ချီးကျူးပြောကြားခဲ့ပါတယ်။
ဂျေဒန်ဆန်ချိုကိုတော့ ယူနိုက်တက်နဲ့ပတ်သက်ပြီး မပြောလိုသေးဘဲ အင်္ဂလန်အသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။