close

ကျောက်ဖြူမြို့က အမောဖောက် သေဆုံးသွားသည့် အဘိုးအို ၂ ဦးတွင် ကိုဗစ်ပိုးတွေ့

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ အမောဖောက်ပြီး သေဆုံးသွားတဲ့ အသက် ၈၀ ကျော်အဘိုးအို ၁ ဦးနဲ့ အသက် ၇၀ ကျော် အဘိုးအို ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတာ စစ်ဆေးတွေ့ ရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဇူလိုင် ၁၈ ရက် ညနေက အသက် ၈၀ ကျော်အရွယ် အဘိုးအိုဟာ  နေအိမ်မှာ အမောဖောက်နေတဲ့အတွက် လေးဝတီကုလရက္ခိတပရဟိတအသင်းကားနဲ့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီးနောက် မကြာမီသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၁၉ ရက် မနက်ကလည်း  အသက် ၇၀ ကျော်အရွယ်ရှိ အဘိုးအိုဟာ နေအိမ်မှာ အမောဖောက်နေတာကြောင့် ဆေးရုံကို ပို့ဆောင်ပေးဖို့ ပရဟိတအဖွဲ့တွေဆီကို အကူအညီတောင်းလာတဲ့အတွက် သွားရောက်ခဲ့ရာ သေဆုံးနေပြီဖြစ်ကာ ဆေးရုံက တာဝန်ရှိသူတွေက ကိုဗစ်သွားရောက်စစ်ဆေးရာမှာ ပိုးတွေ့ရှိတာလို့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅၆ ဦးရှိကာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံကဆင်းခွင့်ရသူ ၃၄ ဦးနဲ့ သေဆုံးသူ ၅ ဦးအထိရှိနေပြီဖြစ်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up