close

မြန်မာနှင့် အီရန်အပါအ၀င်နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုကို ဂျပန်က ပိုမိုတင်းကျပ်မည်

အလွန်အမင်းကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇပြောင်း မူကွဲတွေ ပျံ့နှံ့ဝင်ရောက်လာမှာကို ကာကွယ်တားဆီးတဲ့အနေနဲ့ ဂျပန်အစိုးရဟာ မြန်မာနဲ့ အီရန် အပါအ၀င် နိုင်ငံတချို့မှ ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုကို ပိုမိုတင်းကျပ်သွားမယ်လို့  ဂျပန်အစိုးရက ပြောကြားလိုက်ပါတယ်။

 ဇူလိုင် ၂၄ ရက်နေ့ စတင်သက်ရောက်မယ့် နယ်စပ်ထိန်းချုပ်မှုဆောင်ရွက်ချက် ပြောင်းလဲမှုအစီအစဉ်အရ မြန်မာနိုင်ငံမှရောက်ရှိလာသူတွေကို စတင်ရောက်ရှိတဲ့ ၆ ရက်ကို သတ်မှတ်ထားတဲ့ အဆောက်အဦတွေမှာ နေထိုင်ဖို့နဲ့ ၃ ရက်မြောက်နေ့နဲ့ ၆ ရက်မြောက်နေ့တို့မှာ နောက်ထပ် ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ရတော့မှာပါ။ 

အီရန်၊ အိုမန်၊ အမေရိကန်ပြည်ထောင်စုရဲ့ အိုကလာဟိုးမားပြည်နယ်နဲ့ မစ်ဆိုရီပြည်နယ်၊ ရုရှနိုင်ငံရဲ့ အိုင်ဗင်နိုဗိုနဲ့ ဗလာဒီမာ ဒေသတို့က ခရီးသည်တွေကို သတ်မှတ်ထားတဲ့ အဆောက်အဦ တွေမှာ သုံးရက်ကြာ ကွာရန်တင်းထားရှိ စောင့်ကြည့်မှာဖြစ်ပြီး သုံးရက်မြောက်နေ့မှာ ဗိုင်းရပ်စစ်ဆေးမှုလုပ်ဆောင်မှာဖြစ်ပါတယ်။ 

ပါကစ္စတန်မှ ဧည့်သည်တွေကိုတော့ ၁၀ ရက်ကနေ လျှော့ချပြီး ၆ ရက်တာ  ကွာရန်တင်းထိန်းသိမ်းထားရှိမှာဖြစ်ပြီး ၃ ရက်မြောက်နေ့နဲ့ ၆ ရက်မြောက်နေ့တို့မှာ စမ်းသပ်မှုတွေ ပြန်လည်လုပ်ဆောင်မှာပါ။ 

ယူဂန်ဒါနိုင်ငံမှခရီးသွားတွေကိုတော့ ကွာရန်တင်း ၆ ရက်ကနေ လျှော့ချပြီး ၃ ရက်တာ သီးခြားခွဲပြီး စောင့်ကြည့်သွားမှာပါ။ 

အီဂျစ်၊ ဆွီဒင်နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နယူးမက္ကစီကိုမှ လာသူတွေကတော့ ရောက်ရောက်ချင်း စမ်းသပ်မှုရလဒ် နက်ဂတစ် ပြနေရင် သတ်မှတ်အဆောက်အအုံတွေမှာ ဆက်နေဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ဂျပန်ကိုဝင်လာပြီးနောက်မှာ ၁၄ ရက်တာ တကိုယ်တည်း သီးခြားနေဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up