close

အိန္ဒိယတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၁၁၂ သေဆုံး

Rescue workers evacuate people from a flooded area to safer places after heavy rains in Kolhapur in the western state of Maharashtra, India, July 23, 2021. REUTERS/Abhijeet Gurjar NO ARCHIVES. NO RESALES.

အိန္ဒိယအနောက်ပိုင်း မဟာရာရှာတြာပြည်နယ်မှာ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံးလူပေါင်း ၁၁၂ ဦး သေဆုံးပြီး မြေပြို၊ မြေနိမ့်ပိုင်း ရေလွှမ်းမိုးပြီး ရာနဲ့ချီတဲ့ ကျေးရွာတွေလည်း အဆက်အသွယ် ပြတ်တောက်ကုန်တယ်လို့ ဇူလိုင် ၂၃ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ အနောက်ဘက် ကမ်းရိုးတန်းတစ်ဝိုက်မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၃ လက်မအထိ ရောက်ရှိခဲ့လို့ အာဏာပိုင်တွေဟာ ရေလွှမ်းမိုးနိုင်မယ့်ဘေး အန္တရာယ်ရှိတဲ့ ရေကာတာတွေကနေ ရေတွေလွှတ်ချလိုက်ရတာကြောင့် ထိခိုက်နိုင်တဲ့ နေရာတွေက လူတွေကို ဘေးလွတ်ရာ အတင်းပြောင်းခိုင်းခဲ့ရပါတယ်။ 

ရိုင်ဂက်ဒ်ခရိုင် မြေပြိုမှုမှာ အိမ် ၃၂ လုံး ပြိုကျခဲ့တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့မှ ဒုတိယစစ်ဆေးရေးမှူးက  ပြောကြားပါတယ်။ 

အာဏာပိုင်တွေက အခြေအနေကို စောင့်ကြည့်နေကြတဲ့ တောင်ဘက်က Karnataka ခါနာတက္ခနဲ့ တီလန်ဂါနာပြည်နယ်တွေမှာလည်း မြစ်ရေတွေ လျှံနေတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုံရာသီမိုးကြောင့် တောင်အာရှဒေသမှာ နှစ်စဉ် သေဆုံးမှုနဲ့ နေရာပြောင်းရွှေ့ရမှုတွေ ကြုံရလေ့ရှိပါတယ်။ 

ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ မိုးရွာသွန်းမှု ၇၀ ရာခိုင်နှုန်းကျော်ကို ရရှိကြပြီး လယ်ယာ စိုက်ပျိုးရေးအတွက်လည်း အရေးကြီးနေပါတယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up