စီနီယာကစားသမား ၉ ဦးသာရှိသဖြင့် လူသစ်ခေါ်ယူပေးရန် ဒါဘီနည်းပြ ဝိန်းရွန်းနီ တောင်းဆို

ချန်ပီယံရှစ်ကလပ်ဒါဘီအသင်းမှာ စီနီယာကစားသမား ၉ ဦးသာရှိနေတဲ့အတွက် ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူတွေကို နည်းပြ ဝိန်းရွန်းနီက တောင်းဆိုလိုက်ပါတယ်။
ဒါဘီအသင်းဟာ စာချုပ်ချုပ်ဆိုထားတဲ့ စီနီယာအဆင့် ကစားသမား ၉ ဦးသာရှိပြီး အဲဒီထဲက ၂ ဦးကလည်း ဂိုးသမားတွေဖြစ်တယ်လို့ သိရပါတယ်။
ယူ ၂၃ နဲ့ ယူ ၁၈ က ကစားသမားတွေနဲ့ အစားထိုးဖြည့်တင်းထားပြီး ယူနိုက်တက်ကစားသမားဟောင်း မောရစ်ဆင်ကို ခြေစွမ်းစမ်းသပ်နေပေမယ့် စာချုပ်ချုပ်ဆိုရ ခြင်းတော့ မရှိသေးပါဘူး။
နှစ်ပတ်အတွင်းမှာ ကစားသမားသစ်ဝယ်ယူ မပေးဘူးဆိုရင်တော့ ကစားကွက်ကို ဘယ်လို တည်ဆောက်ရမလဲတောင် မသိတော့ကြောင်း နည်းပြဝိန်းရွန်းနီက ပြောပါတယ်။
နည်းပြ ဝိန်းရွန်းနီက “လာမယ့် ၂ ပတ်အတွင်း ကစားသမားသစ်ရောက်မလာရင်တော့ ဘယ်လိုကစားကွက် ခင်းရမလဲတောင် မသိတော့ပါဘူး။ ဗဟိုခံစစ်မှူးတစ်ဦးတောင် မခေါ်ယူနိုင်သေးပါဘူး။ ယူ ၂၃ နဲ့ ယူ ၁၈ က ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ အစားထိုးထားရတယ်။ ဒါက အသင်တစ်သင်းကို တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအခြေအနေက တခြားမန်နေဂျာတစ် ယောက်ဆိုရင် နုတ်ထွက်သွားလောက်ပါပြီ။ ဒါပေမယ့် ကျနော်က စိန်ခေါ်မှုကိုကြိုက်တယ်။ ကျနော်က ဖိုက်တာတစ်ယောက်ပါ။ အသင်းက အခွင့်အရေးပေးထားတဲ့အပေါ် ကျေးဇူးတင်ပြီး ဖြစ်နိုင်သမျှ အရာအားလုံးလုပ် ဆောင်သွားမှာပါ” လို့ ပြောပါတယ်။
ရွန်းနီရဲ့ ဒါဘီအသင်းဟာ ဇူလိုင် ၁၈ ရက်က မန်ယူနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဆဲလ်ဖို့ဒ်နဲ့ပွဲမှာလည်း ၂ ဂိုး ၁ ဂိုးနဲ့ပဲ ရှုံးနိမ့်ခဲ့ပါတယ်။