close

မိုးကုတ်ခါနန်အသင်းတော်က လူငယ် ၃ဦး အာမခံဖြင့် ပြန်လွတ်လာ

မန္တလေးတိုင်း မိုးကုတ်မြို့ မိုးကုတ်ခါနန်အသင်းတော်က ဖမ်းဆီးခံထားရတဲ့လူငယ် ၃ဦးကို ဇူလိုင်လ ၂၇ရက်နေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ အသင်းတော်က တာဝန်ရှိသူ ပြောပါတယ်။ 

လူငယ် ၃ ဦးကို  ဒလန်အိမ် မီးရှို့တယ်လို့ စွပ်စွဲပြီး ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်အုပ်စုက ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးသွားပြီးနောက် ဇူလိုင်လ ၂၆ ရက်နေ့မှာ လူငယ် ၃ ဦးကို သိန်း ၆၀ နဲ့ ပြန်ရွေးခိုင်း ခဲ့ပေမယ့် ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ ပိုက်ဆံတကျပ်မှမ​ပေးရဘဲ ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။ 

မိုးကုတ်ခါနန်အသင်းတော်က လူငယ် ၃ဦးကိုစစ်အုပ်စုက ဒလန်အိမ်မီးရှို့တယ်လို့ စွပ်စွဲ ဖမ်းဆီးသွားတာဖြစ်ပြီး ဇူလိုင်လ ၂၇ရက်နေ့မှာတော့ ပိုက်ဆံ မပေးရပဲ အာမခံနဲ့ ပြန်လွတ်လာပြီ ဖြစ်တယ်လို့သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up