ဂွါတီမာလာသမ္မတ နုတ်ထွက်ရန် ပြည်သူထောင်ချီ ဆန္ဒပြ

ဂွါတီမာလာနိုင်ငံက ပြည်သူထောင်ပေါင်းများစွာဟာ ဇူလိုင် ၂၉ ရက်က ဂွါတီမာလာမြို့တော်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ သမ္မတ အာလီဟန်ဒရိုဂျီရာမတ်တေး နုတ်ထွက်ပေးဖို့ သမ္မတနန်းတော်ကနေ ရှေ့နေချုပ်ရုံးကို ချီတက်ဆန္ဒပြခဲ့ပါတယ်။
နာမည်ကြီးအဂတိလိုက်စားမှုတိုက်ဖျက်ရေး အစိုးရရှေ့နေတစ်ဦးကို သမ္မတက အလုပ်ဖြုတ်ပစ်လိုက်ပြီးနောက်မှာ ခုလိုဆန္ဒပြခဲ့ကြတာပါ။
မြို့တော်မှာ ဆန္ဒပြမှုတွေဟာ သမ္မတ ဂျီရာမတ်တေးနဲ့ ရှေ့နေချုပ် မာရီယာပေါရက်စ် တို့ကို နုတ်ထွက်ပေးဖို့ ဆင်းရဲနွမ်းပါးတဲ့ လူဦးရေ ၁၇ သန်းရှိတဲ့ ဗဟိုအမေရိကနိုင်ငံရဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူမှုရေးအဖွဲ့တွေနဲ့ ကျောင်းသားအဖွဲ့အစည်းတွေက တောင်းဆိုတဲ့ အမျိုးသားသပိတ်ကြီးလည်း ဖြစ်ပါတယ်။
ဂွါတီမာလာရှေ့နေချုပ် မာရီယာပေါရက်စ်ဟာ ပြီးခဲ့တဲ့အပတ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးသမား ဟွမ်းဖရန်စ္စကိုဆန်ဒိုဗလ်ကို လွတ်ငြိမ်းခွင့်ဆန့်ကျင်ရေး အထူးရှေ့နေရုံးရဲ့ အကြီးအကဲအဖြစ်ကနေ ဖယ်ရှားလိုက်ကတည်းက ဆန္ဒပြမှုတွေလည်း အရှိန်ကောင်းလာခဲ့တာပါ။
ရှေ့နေချုပ်ဟာ သမ္မတနဲ့ ဆက်စပ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းဖို့ကြိုးစားတာကို တားဆီးဖို့ သူ့ကို အလုပ်ခဲ့တာလို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂွါတီမာလာကနေ ထွက်ခွာခဲ့တဲ့ ဆန်ဒိုဗလ်က ပြောပါတယ်။
သမ္မတကတော့ အကျင့်ပျက်ခြစားမှုမှာ ပါ၀င်ပတ်သက်နေတာကို ငြင်းပယ်ခဲ့ပါတယ်။ ဆန်ဒိုဗလ်ကို အလုပ်ထုတ်ပစ်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး နိုင်ငံတွင်းက ပြစ်ဒဏ်ကင်းလွတ်နေမှုတွေကို အဆုံးသတ်ဖို့ ဗဟိုအမေရိက အစိုးရတွေအပေါ် ဖိအားပေးဖို့ ကြိုးစားတဲ့အနေနဲ့ ဂွါတီမာလာ ရှေ့နေချုပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုအချို့ကို ရပ်ဆိုင်းလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂွါတီမာလာရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရုံးရဲ့ ဒုတိယ တရားသူကြီးချုပ်လည်းဖြစ်တဲ့ ပေါ်ရက်စ်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ပြည်တွင်းရုပ်သံလိုင်းတစ်ခုနဲ့ အင်တာဗျူးတခုမှာ ဆန်ဒိုဗလ်နဲ့ ပတ်သက်ပြီး သူဟာ ဆန့်ကျင်ဘက် အတွေးအခေါ်ရှိတဲ့လူတွေကို တရားစွဲဖို့ကြိုးစားခဲ့ကတည်းက တရားမျှတမှုကို ကျင့်သုံးခဲ့တယ် လို့ ပြောထားပါတယ်။