အနာဂတ်အတွက် မဆုံးဖြတ်နိုင်သေးဟု ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာပြော

မန်ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မချ နိုင်ဖြစ်နေတယ်လို့သိရပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်နဲ့ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့ပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုတွေမလုပ်ရသေးတာလည်းဖြစ်ပါတယ်။ ပေါ့ဘာကိုပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းကခေါ်ယူဖို့ ကြိုးပမ်းနေပြီး အနာဂတ်နဲ့ ပတ်သက်လို့ တိကျသေချာတဲ့ဆုံးဖြတ်ချက်မရှိသေးကြောင်းနဲ့ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ကစားသမား ဖြစ်နေဆဲလို့ ပေါ့ဘာကပြောပါတယ်။
“အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်ပဲကျန်ပါတော့တာလူတိုင်း သိပါတယ်။ သက်တမ်းတိုးဖို့အတွက် အခိုင်အမာ ကမ်းလှမ်းချက်လည်း မရရှိသေးပါဘူး။ ကျနော်မန်ချက်စတာမှာရှိနေဆဲပါ” လို့ ပေါ့ဘာက ပြောပါတယ်။
ပေါ့ဘာအနေနဲ့ကစားသမားသစ် နောက်ခံလူ ဗာရန်းနဲ့ တောင်ပံတိုက်စစ်မှူး ဂျေဒန်ဆန်ချိုတို့ ရောက်ရှိလာတဲ့အပေါ်မှာ စိတ်လူပ်ရှားမိ ကြောင်းလည်းဆိုခဲ့ပါတယ်။