တောမီးကြောင့် တူရကီအပန်းဖြေစခန်းမှ ဧည့်သည်နှင့်ဒေသခံများ ရွှေ့ပြောင်း

တူရကီနိုင်ငံတောင်ပိုင်း မာမာရစ် အပန်းဖြေစခန်းသာမြို့က ဟိုတယ်တွေနဲ့ တောမီး နီးကပ်လာနေလို့ ဟိုတယ်တွေ ပတ်လည်မှာရှိတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဒေသခံတွေကို ဘေးကင်းရာ ရွှေ့ပေးခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက သြဂုတ် ၂ ရက်မှာ ဖော်ပြပါတယ်။
တူရကီတောင်ပိုင်း အစ်ချ်မေလက်စ်မြို့ မိုင်းရေ့ချ်ဟိုတယ်တွေ နောက်မှာ လူအုပ်ကြီးက စိုက်ခင်းတွေ မီးလောင်နေပုံကို စနေနေ့က ရိုက်ကူးနေတဲ့ ရုပ်သံကိုလည်း ထုတ်လွှင့်ပြသပါတယ်။
တောမီးကြောင့် လတ်တလောရက်တွေအတွင်း မနဗ်ဂတ်မြို့မှာ လူ ၅ ယောက် သေဆုံးပြီး မာမာရစ်မြို့မှာ လူ ၁ ယောက် သေဆုံးခဲ့ ပြီးပါပြီ။
တူရကီနိုင်ငံအတွင်း လောင်နေတဲ့ တောမီးနေရာ ၁၀၀ ကျော်ရဲ့ အများစုကို ကျန်ခဲ့တဲ့ ငါးရက် ကမှ ထိန်းချုပ် နိုင်ခဲ့တာပါ။
ဒါပေမဲ့ မီလတ်စ်၊ မာနဗ်ဂတ်နဲ့ မာမရစ် မြို့တွေမှာတော့ မီးတွေ လောင်နေဆဲပဲလို့ သစ်တောဝန်ကြီးက ပြောပါတယ်။