အီတလီ ဆစ္စလီကျွန်း၌ တောမီးလောင်ပြီး အပန်းဖြေကမ်းခြေ အဆောက်အအုံများ မီးထဲပါသွား

အီတလီတောင်ပိုင် ကာတာနီရားဒေသက တောမီးဟာ ဇူလိုင် ၃၀ ရက်က အပန်းဖြေကမ်းခြေအဆောက်အအုံတွေကို လောင်ကျွမ်းဝါးမျိုသွားပါတယ်။
ဆစ္စလီကျွန်းရှိ လီကာပန်နိုင်းလီဒိုအပန်းဖြေကမ်းခြေက ထီးတွေနဲ့ နေပူစာလှုံတဲ့ ကုလားထိုင်တွေ လည်း မီးလောင်ကျွမ်းသွားပါတယ်။ ဒေသခံမီဒီယာတွေ ဖော်ပြချက်အရ ဆစ္စလီကျွန်းရဲ့မြို့တော် ကာတာနီရာဟာ တောမီးအနည်းဆုံး ၁၅ ခုကို ငြှိမ်းသတ်နေရပြီး တချို့နေရာတွေမှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မီးသတ်သမားတွေဟာ မီးကိုထိန်းချုပ်နိုင်ဖို့ ညလုံးပေါက် ကြိုးပမ်းခဲ့ပေမယ့်လည်း အပူချိန်မြင့်မားတာနဲ့ လေပူတွေကြောင့် မီးတောက်တွေကို လောင်ကျွမ်းအား ကောင်းစေသလို ဖြစ်နေတာပါ။