close

မြင်းခြံနှင့် ဘီးလင်းမြို့နယ်တို့ Stay at Home သတ်မှတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့တို့ကို  Stay at Home  သတ်မှတ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၃  ရက်မှာ ကြေညာပါတယ်။

အဆိုပါမြို့နယ်တွေမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တွေ့ရှိမှု များပြားလာတဲ့အတွက်  Stay at Home အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပြီး မြို့နယ်အတွင်း နေထိုင်သူတွေအနေနဲ့ မိမိနေအိမ်တွင်သာနေထိုင်ကြဖို့ (အစိုး၇ဝန်ထမ်းများ၊ ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်သူများမပါ) မဖြစ်မနေ စျေးဝယ်ထွက်ပါက တစ်အိမ်တစ်ယောက်သာထွက်ဖို့တွေ ညွှန်ကြားချက်မှာဖော်ပြပါတယ်။ 

Stay at Home အစီအစဉ်ဟာ  ဩဂုတ် ၄ ရက် မနက် ၄ နာရီကနေ စတင်သက်ဝင်မှာဖြစ်ပြီး အမိန့်လိုက်နာဖို့ ပျက်ကွက်သူတွေ တရားဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အမိန့်ထုတ်ပြန်ထားပါတယ်။

အဆိုပါ မြို့နယ်တွေ ထပ်တိုးလာတာကြောင့် နိုင်ငံဝန်း Stay at Homeအဖြစ် အကျုံးဝင်သွားတဲ့ မြို့နယ်ပေါင်း ၁၁၀  မြို့နယ် ရှိလာပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up