တိုကျိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဘရာဇီးနှင့် စပိန်တို့ ဗိုလ်လုပွဲတက်

တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံး ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘရာဇီးနဲ့ စပိန်အသင်းတို့ နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဩဂုတ် ၃ ရက် ဒီကနေ့ ညနေက ကန်သွားတဲ့ ဆီမီးဖိုင်နယ် ပထမပွဲစဉ်မှာ ဘရာဇီးက မက္ကစီကို အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားတာပါ။
ပုံမှန် ပွဲချိန် မိနစ် ၉၀ မှာရော အချိန်ပို နာရီဝက်မှာပါ နှစ်သင်းစလုံး တဘက်နဲ့ တဘက် ဂိုးမသွင်းဘဲ ဂိုးမရှိသရေကျနေလို့ ပင်နယ်တီ အဆုံးဖြတ်ကန်ရာမှာ ဘရာဇီးက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားတာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ဒီကနေ့ည အိမ်ရှင် ဂျပန်အသင်းနဲ့ စပိန်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာမှတော့ ာ စပိန်က ဂျပန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ပုံမှန်ပွဲချိန် မိနစ် ၉၀ မှာ နှစ်သင်းစလုံး တဘက်နဲ့ တဘက် ဂိုးမသွင်းဘဲ ဂိုးမရှိသရေကျနေလို့ အချိန်ပို နာရီဝက်ဆက်ကန်ရာမှာ အချိန်ပို ဒုတိယပိုင်း ပွဲချိန် ၁၁၅ မိနစ်မှာ စပိန်တောင်ပံကစားသမား မာကိုအစန်ဆီရိုက တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားတာဖြစ်ပါတယ်။
အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲနောက်ဆုံး ရွှေတံဆိပ်လုပွဲအဖြစ် ဩဂုတ်လ ၇ ရက်နေ့မှာ ဘရာဇီးနဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာဖြစ်ပြီး အိမ်ရှင်ဂျပန်အသင်းကတော့ ဩဂုတ်လ ၆ ရက်မှာ မက္ကစီကိုအသင်းနဲ့ တတိယ ကြေးတံဆိပ် လုပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။