ထိုင်းတွင် နေ့စဉ် ကိုဗစ် ၁၉ ကူးစက်ခံရသူ ၂ သောင်းကျော်ရှိလာ

မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ကိုဗစ် ၁၉ ကူးစက်ရောဂါအခြေအနေဟာ ယမန်နေ့က လူနာ သစ် ၂၀၀၀၀ ကျော်ခဲ့ပြီး ဒီကနေ့ ( ဩဂုတ်လ ၅ ရက် ) နေ့မှာလည်း နောက်ထပ် ၂၀၀၀၀ ကျော် တွေ့ရှိပြန်ပါတယ်။
ဒီကနေ့မှာ ပိုးတွေ့လူနာသစ်ပေါင်း ၂၀၉၂၀ ဦးရှိပြီး သေဆုံးသူမှာလည်း ၁၆၀ ဦးရှိကြောင်း ၊ ပိုးတွေ့သူအသစ်ထဲက ၂၆၂ ဦးမှာ အကျဉ်းထောင်တွေထဲကဖြစ်တယ်လို့ ထိုင်းနိုင်ငံကိုဗစ် ၁၉ အခြေအနေစီမံကွပ်ကဲရေးဗဟိုဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ တတိယလှိုင်းစတင်တဲ့ ဧပြီလ ၁ ရက်နေ့ကစပြီး ဒီကနေ့ထိ ပိုးတွေ့လူနာပေါင်း ၆၆၄၄၄၂ ဦးရှိပြီး သက်သာပျေက်ကင်းသူပေါင်း ၄၄၆၃၀၆ ဦးနဲ့ သေဆုံးသူပေါင်း ၅၅၆၉ ဦးရှိပါတယ်။
ကိုဗစ် ၁၉ ကူးစက်မှုလျော့ချရေးအတွက် ကာကွယ်ဆေးတွေ ထိုးနှံပေးနေရာမှာ ဩဂုတ်လ ၄ ရက်နေ့ထိ ဆေးပုလင်းပေါင်း ၁၈၇၄၀၀၀၀ ( ၁၈ သန်းကျော် ) ထိုးနှံပြီးခဲ့ပြီလို့ ဆိုပါတယ်။