ဟာရီကိန်း လေ့ကျင့်ခန်း မဆင်းတဲ့ကိစ္စ ဖြေရှင်းသွားရမယ်လို့ စပါးနည်းပြ ပြော

တိုက်စစ်မှူး ဟာရီကိန်း လေ့ကျင့်ခန်းမဆင်းသေးတာနဲ့ ပတ်သက်ပြီး ဖြေရှင်းမှု တစ်ခု ပြုလုပ်သွားရမှာဖြစ်တယ်လို့ နည်းပြ နူနိုဆန်းတို့စ်က ပြောပါတယ်။
ချဲလ်ဆီးနဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ ဟာရီကိန်းနဲ့ပတ်သက်ပြီး နည်းပြ ဆန်းတို့စ်က မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
ဟာရီကိန်းဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရို ၂၀၂၀ ပြိုင်ပွဲကစားခဲ့ပြီးနောက် အားလပ်ရက်ခရီးထွက်ခဲ့တာပါ။
စပါးအသင်းနဲ့ တနင်္လာနေ့ကတည်းက စတင်ပူးပေါင်း လေ့ကျင့်ရမှာဖြစ်ပေမဲ့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စသတင်း ထွက်ပေါ်နေတာကြောင့် ဟာရီကိန်းအနေနဲ့ အသင်းပြောင်းရွှေ့ချင်တာကြောင့် အသင်းနဲ့ မပူးပေါင်းခဲ့တာလို့လည်း သတင်းထွက်နေပါတယ်။
" ဟာရီကိန်းလေ့ကျင်းခန်း မဆင်းသေးတဲ့ ကိစ္စက သူ မှတ်ချက်မပေးချင်တဲ့မေးခွန်းဖြစ်ပြီး၊ဒါဟာ အသင်းတွင်းမှာပဲ ဖြေရှင်းသင့်ပြီး အများရှေ့မှာ ငြင်းခုံမူတွေ၊ဆွေးနွေးမူတွေ လုပ်တာကို ရှောင်ကြဉ်နိုင်ဖို့ ကြိုးစားရမှဖြစ်ကြောင်း၊ ဒီအခြေအနေကို အဆုံးသတ်ပြီး အကောင်းဆုံးအဖြေတစ်ခုရဖို့ အသင်းအတွင်းမှာပဲ ဖြေရှင်း သွားမှာဖြစ်ကြောင်း နည်းပြဆန်းတို့စ်ကပြောပါတယ်။