လူကာကူ အပြောင်းအရွှေ့ကိစ္စ ဖြေကြားရန် ချဲလ်ဆီးနည်းပြ ငြင်းဆန်

အင်တာမီလန်တိုက်စစ်မှူး လူကာကူရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်လို့ ဖြေကြားရန်မရှိကြောင်း ချဲလ်ဆီးနည်းပြတူချယ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ လူကာကူကို ခေါ်ယူဖို့ အင်တာမီလန်းအသင်းဆီ ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရတယ်လို့သတင်းထွက်ပေါ်နေတာပါ။
စပါးအသင်းနဲ့ ၂၂ ဂိုးစီသရေကျခဲ့တဲ့ ခြေစမ်းပွဲ အပြီးမှာတော့ လူကာကူက အသင်းရှိ ကစားသမားမဟုတ်တာကြောင့် သူနဲ့ပတ်သက်လို့ ဖြေကြားမှာ မဟုတ်ကြောင်း နည်းပြတူချယ်က ပြောခဲ့တာပါ။
သူ့အသင်း လူစာရင်းမှာ မပါဝင်တဲ့ ကစားသမားအကြောင်းကို ပြောမှာမဟုတ်ဘဲ လူကာကူက နှစ်သက်စရာ ကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း၊ဒါပေမဲ့ သူက အင်တာမီလန် ကစားသမားဖြစ်ပြီး၊ ဒီလိုအခြေအနေမှာ လေးစားမူရှိရမှာဖြစ်လို့ သူနဲ့ပတ်သက်ပြီး မပြောချင်ကြောင်း နည်းပြတူချယ်ကပြောပါတယ်။
တိုက်စစ်မှူး လူကာကူဘက်ကတော့ ချဲလ်ဆီး အသင်းဆီ ပြန်လည်ပြောင်းရွှေ့ချင်ကြောင်း အင်တာမီလန် အသင်းဆီ ပြောပြထားတယ် လို့ သတင်းထွက်ပေါ်နေပါတယ်။