ဖိလစ်ပိုင်တွင် တတိယအကြိမ်လော့ဒေါင်းချ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်မှု ထိန်းချုပ်ရေးအတွက် တတိယအကြိမ် အသွားအလာပိတ်ဆို့ ကန့်သတ်ချက် လော့ဒေါင်းကို သြဂုတ် ၆ ရက်က စပြီး ကျင့်သုံးလိုက်ပါတယ်။
မြို့တော်ဒေသအတွင်း ရောဂါခြေချုပ် စစ်ဆေးရေးစခန်းတွေမှာ အာဏာပိုင်တွေက ရဲတွေကို အစောင့်ချထားပြီး မြို့တွင်း အဝင်အထွက်ကို ကန့်သတ်ထားမှာပါ။
အများပြည်သူကို အသွားအလာ ကန့်သတ်ထားလို့ ဝင်ငွေ မရှိမှာကို စိုးရိမ်ကြောင်း ဒေသခံ အသေးစား စီးပွားရေးသမားတွေက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက နေ့စဉ် ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံ ဦးရေ ၈၀၀၀ကျော် ရှိခဲ့တာပါ။
မေ ၂၈ ရက်က စတဲ့ စစ်တမ်းအရ သြဂုတ် ၁ ရက်နေ့ တရက်တည်းမှာ အသစ်ကူးစက်ခံ ၈၇၃၅ ယောက်နဲ့ စံချိန်တင် ခဲ့ပါတယ်။
ကပ်ဘေးစတည်းက ခုထိ စုစုပေါင်း ကူးစက်ခံဦးရေ ၁ ဒသမ ၆ သန်းရှိပြီး ကူးစက်ခံ အယောက် ၂၈၀၀၀ ကျော် သေဆုံးခဲ့လို့ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှား နိုင်ငံပြီးရင် ဒုတိယအဆိုးဆုံး ကိုရိုနေဗိုင်းရပ်စ် ကူးစက်ခံနိုင်ငံဖြစ်လာတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။