ပါလက်စတိုင်းကို အစ္စရေးက ကိုဗစ်-၁၉ ကာကွယ်ဆေး ၁သန်း ပေးပို့မည်

အစ္စရေးဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေးမျှဝေရေး သဘောတူညီချက်အရ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့(PA) ကို ထိုးဆေးပမာဏ အနည်းဆုံး ၁ သန်းကို ပေးပို့သွားမှာ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ဇွန် ၁၈ ရက်မှာ ပြောကြားပါတယ်။
အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်ဒေသတို့မှာ ပါလက်စတိုင်း ကာကွယ်ဆေးထိုးရေး လှုပ်ရှားမှု တစ်ခုလည်း တိုးလာမယ်လို့ ဆိုပါတယ်။
အစ္စရေး၀န်ကြီးချုပ်သစ် ဘန်နက်ရဲ့ရုံးခန်းမှ ကြေညာထားတဲ့ သဘောတူ စာချုပ်အရ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ဟာ ယခုနှစ်နှောင်းပိုင်းမှာ ရောက်ရှိလာမယ့် သူ့ကိုယ်ပိုင်တင်ပို့မှုထဲက ဆေးပမာဏကို အပြန်အလှန် ပေးဖို့ သဘောတူခဲ့ပါတယ်။
ပါလက်စတိုင်းတွေဟာ အစ္စရေး၊ ရုရှား၊ တရုတ်၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ကမ္ဘာလုံးဆိုင်ရာ COVAX ကာကွယ်ဆေး ခွဲဝေမှုဆိုင်ရာ အစီအစဉ်တွေကနေ ထိုးဆေးတွေကို လက်ခံရရှိထားပါတယ်။