အိုလံပစ်ကြေးတံဆိပ်ဆုရ ထိုင်းလက်ဝှေ့မယ်ကို ဘတ်ငွေ ၈ ဒသမ ၇ သန်း ကျော် ချီးမြှင့်မည်

ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပနေတဲ့ ၂၀၂၀ အိုလံပစ်အားကစားပွဲ အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲ ဆီမီးဖိုင်နယ်လ်ပွဲစဉ်မှာ ထိုင်းနိုင်ငံက အသက် ၃၀ နှစ်ရွယ် ဆုဒါးဖန်း ဆီဆွန်ဒီ (ခ) တျောက်က တတိယဆု ကြေးတံဆိပ် ရရှိသွားပါတယ်။
ဩဂုတ် ၅ ရက်နေ့ ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ လိုက်ဝိတ် ၆၇-၆၀ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစွဉ်မှာ အိုင်ယာလန်နိုင်ငံသူ ကယ်ရီ ဟယ်ရင်တန်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရာမှာ ရှုံးနိမ့်ခဲ့ပေမဲ့ ပြိုင်ပွဲစည်းကမ်းအရ ဆီမီးဖိုင်နယ် အဆင့်မှာရှုံးနိမ့်ခဲ့တဲ့ ကစားသမား ၂ ဦးစလုံးကို တတိယ ကြေးတံဆိပ်ဆု ချီးမြှင့်တာဖြစ်ပါတယ်။
ထိုင်းလက်ဝှေ့မယ် တျောက်ဟာ ကြေးတံဆိပ်သာ သာရခဲ့ပေမယ့်လည်း ထိုင်းနိုင်ငံအတွက်တော့ အိုလံပစ်အားကစားပွဲသမိုင်းမှာ ဆုတံဆိပ်တခုရအောင်ထိုးကြိတ်နိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်သွားပြီး ပြိုင်ဘက်ကို ၂ - ၃ မှတ်နဲ့ ကပ်ပြီးရှုံးခဲ့သူ၊ အကောင်းဆုံး ထိုးသတ် ကစားသွားနိုင်သူအဖြစ် ထိုင်းပြည်သူတွေက ဂုဏ်ပြုအားပေး နေကြပါတယ်။
သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ထိုင်းနိုင်ငံရဲ့ အဖွဲ့အစည်း အနည်းဆုံး ၃ ဖွဲ့က ကြေညာထားတဲ့ ထောက်ပံ့ချီးမြှင့်ငွေ ပဏာမက ဘတ် ၈၇၂၀၀၀၀ ရှိပြီဖြစ်ပါတယ်။
အဆိုပါ ချီးမြှင့်ငွေတွေမှာ - ထိုင်းအမျိုးသားအားကစားဖွံ့ဖြိုးရေးရံပုံငွေမှ ၄ ဒသမ ၈ သန်း ၊ BabgChak ကော်ပိုရေးရှင်းမှ ဘတ် ၂ သန်း၊ ထိုင်းအမျိုးသားအိုလံပစ်အဖွဲ့ချုပ်မှ နှစ်စဉ် ဘတ် ၈၀၀၀ စီ နဲ့ နှစ်ပေါင်း ၂၀ ထိ စုစုပေါင်း ဘတ် ၁၉၂၀၀၀၀ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
ထိုင်းလက်ဝှေ့မယ် တျောက်ဟာ ထိုင်းတပ်မတော် ( ရေ ) ရိန်းဂျားတပ်က စစ်သမီးတစ်ဦးဖြစ်ပြီး အခုလို ဆုရလာတဲ့အတွက် မိခင်တပ်ရင်းက ရေတပ် ဒုဗိုလ် အဖြစ်လည်း ရာထူးတိုးပေးမှာ ဖြစ်ပါတယ်။ ထိုင်းအရှေ့မြောက်ပိုင်း ဥဒွန်းဌာနီခရိုင်ဇာတိဖြစ်ပြီး လက်ရှိ ပညာရေးတက္ကသိုလ်မှာ မဟာဝိဇ္ဇာတန်းတက်နေသူလည်းဖြစ်ပါတယ်။
Photo - Matichon