ပုလဲမြို့ ရဲစခန်းအနီး အငြိမ်းစား ရဲအရာရှိအိမ် မီးလောင်မှုဖြစ်ပွား



2
စစ်ကိုင်းတိုင် ပုလဲမြို့ ရဲစခန်း အငြိမ်းစား ရဲအရာရှိတဦးနေအိမ်မှာ ဒီနေ့ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်က မီးလောင်မှုဖြစ်ပွားဝာယ်လို့ သိရပါတယ်။
ပုလဲမြို့ပေါ်ရပ်ကွက်နေပြည်သူတစ်ဦးက “အခု ကျနော်တို့ ပုလဲမြို့ပေါ်ရပ်ကွတ်ရဲစခန်းနဲ့ ကပ်လျက် နေအိမ်မီးလောင်နေတယ်ဗျ။ မီးသတ်ကားတွေ အခုမီးငြှိမ်းသတ်နေပါတယ်” လို့ ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှု ပမာဏကို မသိရသေးဘဲ DVB က စုံစမ်းနေဆဲ ဖြစ်ပါတယ်။