ဝေဖန်မှုများကို ခေါင်းထဲမထည့်ရန် လူကာကူကို ချဲလ်ဆီးနည်းပြ တူချယ်တိုက်တွန်း

တိုက်စစ်မှူး လူကာကူအနေနဲ့ ဝေဖန်မှုတွေကို ခေါင်းထဲမထည့်ဖို့ နည်းပြ တူချယ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
လူကာကူဟာ မန်ယူနိုက်တက်အသင်းမှာ ကစားခဲစဉ်က ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အင်တာမီလန်မှာတော့ ခြေစွမ်းကောင်းကောင်း ပြသနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းဆီ ပြန်လည်ရောက်ရှိလာချိန်မှာလည်း ပရိတ်သတ်တချို့ရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
နည်းပြတူချယ်ကတော့ ဝေဖန်မှုတွေကို လက်ခံရမှာဖြစ်ပေမဲ့ စိုးရိမ်မှုရှိဖို့ မလိုအပ်ကြောင်း ခြေစွမ်းကေင်းမွန်တဲ့ သူဖြစ်လို့သာ ဝေဖန်ခံရတာဖြစ်တယ်လို့လည်း နည်းပြတူချယ်က ပြောပါတယ်။
“လူကာကူရဲ့ ခြေစွမ်းက ကောင်းမွန်တာဖြစ်လို့ သူ့ကို လူအများအာရုံကျရောက်နေတာပါ။ သူက ပင်ကိုစွမ်းရည်ကောင်းမွန်ပြီး တာဝန်ယူရတာကို ပျော်ရွှင်ကျေနပ်နေသူပါ။ ဒါတွေကို သူကျော်ဖြတ်နိုင်မှာပါ” လို့ နည်းပြ တူချယ်က ပြောပါတယ်။
လူကာကူကိုယ်တိုင်လည်း အများရဲ့ ဝေဖန်မှုတွေအပေါ် ယူရိုပြိုင်ပွဲကာလတုန်းက ပြောကြားခဲ့ဖူးပါတယ်။
လီဝန်ဒေါစကီး၊ ဘင်ဇီမာနဲ့ ဟာရီကိန်းတို့ကို ကမ္ဘာ့အဆင့်တိုက်စစ်မှူးအဖြစ် သတ်မှတ်ပေမဲ့ သူ့အပါ်မှာတော့ ခြေစွမ်းကောင်းသူအဖြစ်သာ သတ်မှတ်ကြတယ်လို့ လူကာကူက ပြောခဲ့ဖူးပါတယ်။