close

ပုလဲမြို့နယ်တွင် အမျိုးသမီး ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ရွှေအိုး ၁ ရပ်ကွက်ရုံးထဲမှာ အောက်လယ်ဓမ္မကျေးရွာက အမျိုးသမီးတစ်ဦး ဩဂုတ် ၂၀ ရက် ည ၁၀ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံလိုက်ရသူဟာ အသက် ၄၂ နှစ်အရွယ် မဆွေ ဖြစ်ပြီး အသားဟင်းရောင်းတဲ့ ဈေးသည်တစ်ဦးဖြစ်ပြီး ဘာကြောင့် ဘယ်သူက သတ်သွားတာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  

ဒေသခံတစ်ဦးကတော့ ”အသတ်ခံရတာကတော့ အာချောင်လို့ပေါ့ဗျာ။ သူက အန်အယ်လ်ဒီ ဘက်ကဆိုရင် စစ်ကောင်စီနဲ့ ပျူစောထီးကို သူ ပိုင်တယ်။ ကြံ့ခိုင်ရေးဘက်က လူနဲ့တွေ့ရင် PDF ကို သူ ပိုင်တယ်။ အဲလိုတွေ အာချောင်လို့ အသတ်ခံရတယ်လို့ပဲ ကျနော်တို့ ရွာသားတွေက ထင်တာပဲ။ ဘယ်အဖွဲ့က သတ်တယ်လို့တော့ မသိရဘူးပေါ့ဗျာ။ သေနတ်မှန်တာက နဖူးကိုမှန်ပြီး သေသွားတယ်” လို့ ပြောပါတယ်။

အသတ်ခံရတဲ့ မဆွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ  ပြည်သူ့ရှေ့ဆောင်ပါတီ PPP  ရပ်ကျေးစည်းရုံးရေးမှူးအဖြစ် လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up