close

ရေစကြိုမြို့ လျှပ်စစ်ရုံးနှင့် ပခန်းကြီးနယ်မြေရဲစခန်းကို PDF တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့လျှပ်စစ်ရုံးနဲ့ ပခန်းကြီးနယ်မြေရဲစခန်းကို သြဂုတ် ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ရေစကြို PDF တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့ လျှပ်စစ်ရုံးကို မွန်းတည့် ၁၂ နာရီလောက်က ဗုံးဖောက်ခွဲခဲ့ပြီးတော့ အဆောက်ဥ်တစ်ချို့ ထိခိုက်ပျက်စီးနိုင်ပေမယ့် လူကိုတော့ ထိခိုက်မှုမရှိဘူးလို့ ရေစကြိုမြို့နယ် PDF ခေါင်းဆောင်က DVB ကိုပြောပါတယ်။

ရေစကြိုမြို့နယ် လျှပ်စစ်ဌာနက မီတာအခွန်မဆောင်တဲ့ပြည်သူတွေကို မီးမဖြတ်တောက်ဖို့ အကြိမ်ကြိမ်သတိပေးထားတဲ့အပေါ် လိုက်နာမှုမရှိတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့နဲ့ သြဂုတ်လ ၉ ရက်နေ့တွေမှာလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်းလွဲ ၁ နာရီလောက်ကလည်း ပခန်းကြီးနယ်မြေရဲစခန်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီးတော့ ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုတွေရောက်လာပြီး သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ပြီးတော့ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ် PDF အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပတ်သက်နေတဲ့ ရုံးဌာနတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အဲဒီနေရာတွေကို ရှောင်ရှားကြဖို့နဲ့ စစ်ကောင်စီပြုတ်ကျရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up