close

ကေအန်ယူ တပ်မဟာ ၂ နယ်မြေအတွင်းကို စစ်ကောင်စီတပ် အင်အားဖြည့်ဝင်ရောက်လာ

ကရင်ပြည်နယ်၊ ဘောကလိမြို့ ကေအန်ယူ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့တပ်တွေ လူအင်အား​​ဖြည့်တင်းပြီး ဝင်ရောက်လာတယ်လို့ ကေအန်ယူက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မနက် ၉ နာရီလောက်က  တောင်ငူကနေ သံတောင်မြို့မှတဆင့် ဘောကလိမြို့ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့ ကားကြီး ၂၄ စီး၊ ကားငယ် ၂ စီးနဲ့အတူ လူအင်အား၊ လက်နက်ခဲယမ်းအပြည့်နဲ့ အင်းအားဖြည့်တင်းပြီး ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇူလိုင်လက စတင်ပြီး ကေအန်အယ်လ်အေ တပ်မဟာ ၂ နဲ့ စစ်ကောင်စီရဲ့ တပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လူအင်အား လက်နက်ခဲယမ်း ပိုမိုဖြည့်တင်းလာပြီး စစ်ရေးပိုမိုလှုပ်ရှားလာတာပါ။

ဒါအပြင် ဂျက်တိုက်လေယာဉ်တွေနဲ့ ကေအန်အယ်လ်အေ တပ်ရင်း ၅၊ တပ်ရင်း ၆ နယ်မြေတွေမှာ နေ့စဉ်ပျံသန်းတာတွေ ပြုလုပ်လာတယ်လို့ ကေအန်ဒီအို တပ်ရင်း ၄ ရုံးထိုင်မှူးက အတည်ပြုပြောဆိုပါတယ်။

စစ်ကောင်စီဘက်က အင်အားပိုမိုဖြည့်တင်းပြီး နယ်မြေတိုးချဲ့လှုပ်ရှားလာတဲ့အပေါ် တိုက်ပွဲတွေပို မိုဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီရဲ့ တပ်တွေဟာ တပ်မဟာ ၅ လက်အောက်ခံ ဂယ်ကော်တပ်ရင်း နယ်မြေကို စစ်အင်အားတိုးချဲ့ ချီတက်ရာမှာ တောင်ငူဘောဂလိလမ်းကို အသုံးပြုခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ်လဆန်းပိုင်းက ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေကို ဘားအံမြို့နယ် ဝါးဘိုးတောလမ်းဆုံကနေ ကမမောင်းလမ်းအတိုင်း လူအင်အား လက်နက်အင်အားဖြည့်တင်းပြီး ကား ၁၀စီ းနီးပါးနဲ့ ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up