close

တမူးမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၇ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း တမူးမြို့မှာ ဒီကနေ့ မနက်ပိုင်းက PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက် က ၁၇ ဦးလောက် သေဆုံးတယ်လို့ သိရပါတယ်။

တမူးမြို့ပြင်ရှိ စက်မှုနည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ နယ်မြေခံ စစ်ကောင်စီတပ်တွေကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)  က မနက် ၅ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့ရာကနေ တိုက်ပွဲစတင်ခဲ့ပြီး ၉ နာရီလောက်ထိ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်က အယောက် ၂၀ လောက်ကျတယ် ကြားတယ်။ ကျနော်တို့ သိတာတော့ ၁၇ ယောက်တော့ရှိမယ်” လို့ တမူး PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

PDF နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲမှာ PDF ဘက်ကလည်း (၁) ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

သြဂုတ် ၂၂ ရက်ကလည်း တမူးမြို့၊ မြို့မ (၁၂) ရပ်ကွက် နန်းဖာလုံ အထက (ခွဲ) ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တမူးပြည့်သူကာကွယ်ရေးတပ် (PDF) ရဲ့ လက်ရုံးပြောက်ကျားတပ်ဖွဲ့က  ဗုံးခွဲတိုက်ခိုက်ခဲ့ရာ  စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up