close

မင်္ဂလာဒုံမြို့နယ် NLD ပြည်သူ့လွှတ်တော်အမတ်ကို စစ်ကောင်စီဖမ်းဆီး

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ NLD ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူကို စစ်ကောင်စီက ဩဂုတ် ၂၃ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ မင်္ဂလာဒုံမြို့နယ် NLD ပါတီဝင်တွေက  ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် NLD ပါတီဝင်တဦးက “သူ(ဒေါ်ခင်မြတ်သူ)ကလည်း ရှောင်တိမ်းနေတာပဲ။ ဒီနေ့မထင်မှတ်ဘဲ ဖမ်းဆီးခံရပုံရတယ်။ သူ့မတိုင်ခင် မြို့နယ်ပါတီဝင်တချို့လည်း ဖမ်းဆီးခံရတာတွေရှိတယ်” လို့ ပြောပါတယ်။

ဒေါ်ခင်မြတ်သူဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်နယ်မြေအများစုရှိတဲ့ မင်္ဂလာဒုံမြို့နယ်မှာ ဝင်ပြိုင်ခဲ့သူဖြစ်ပြီး စုစုပေါင်းထောက်ခံမဲ ၇၁ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရခဲ့သူဖြစ်ပါတယ်။ 

၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သြဂုတ် ၂၂ ရက်နေ့တုန်းကလည်း မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် NLD ပါတီအတွင်းရေးမှူး ဒေါ်စံပယ်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။ 

အခုရက်ပိုင်းအတွင်းမှာ မင်္ဂလာဒုံမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာ ၅ ယောက်ထက်မနည်းရှိနေပြီး ရပ်ကွက်တွေထဲမှာ လိုက်လံခြိမ်းခြောက်တာတွေလည်းရှိခဲ့ပါတယ်။

news - MM

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up