အူဘာမီယန်းကို ကမ်းလှမ်းပါက လက်ခံစဉ်းစားရန် အာဆင်နယ် ဆုံးဖြတ်

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်းအတွက် ကမ်းလှမ်းမှုတွေရှိလာရင် လက်ခံ စဉ်းစားသွားတော့မယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ၁၁၈ နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ အူဘာမီယန်းကို ရောင်းချဖို့ စဉ်းစားလာခဲ့တာပါ။
ဒါပေမဲ့ လက်ရှိအချိန်အထိ အူဘာမီယန်းကို ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းတဲ့အသင်း မရှိသေးဘူးလို့ တီလီဂရပ်ဖ် သတင်းမှာ ဖော်ပြပါတယ်။
ဂါဘွန်တိုက်စစ်မှူးဟာ မနှစ်ကရာသီကမှ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။ အာဆင်နယ်အသင်းဟာ လုပ်ခအများဆုံး ပေးချေထားရတဲ့ အူဘာမီယန်းကို ရောင်းချပြီး ကစားသမားသစ်တွေ ဆက်လက်ခေါ်ယူဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
မနှစ်က ပြိုင်ပွဲစုံမှာ ၁၅ ဂိုး သွင်းယူခဲ့တဲ့ အူဘာမီယန်းကို ဘာစီလိုနာ၊ မန်ယူနိုက်တက် အစရှိတဲ့ အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။