မန်ယူမှထွက်လာပြီးနောက် အာဆင်နယ်တွင် ကစားချင်ခဲ့သော်လည်း ပယ်ချခံခဲ့ရဟု ဖာဒီနန်ဝန်ခံ

မန်ယူနိုက်တက်နေ ထွက်ခွါခဲ့ပြီးနောက် အာဆင်နယ်မှာ ကစားချင်ခဲ့ပေမယ့် နည်းပြဝင်းဂါးက ပယ် ချခဲ့တယ်လို့ နောက်ခံလူဟောင်းဖာဒီနန်က ပြောပါတယ်။
ဖာဒီနန်ဟာ ၂၀၁၄ ခုနှစ်မှာ ယူနိုက်တက်ကနေ ထွက်ခွါခဲ့ပြီးနောက် အဲဒီအချိန်က နည်းပြအာဆင်ဝင်းဂါးကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းဆီပြောင်းရွှေ့ကစားချင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ နည်းပြဝင်းဂါးက ခေါ်ယူအသုံးပြုလို ခြင်းမရှိခဲ့တာကြောင့် ကျူပီအာအသင်းဆီကို ဖာဒီနန်ကပြောင်းရွှေ့ကစားခဲ့တာပါ။
“အာဆင်ရေ..နားထောင်ပေးပါ။ ကျနော် ယူနိုက်တက်နေ ထွက်ခွါလာနေပါပြီ။ ကျနော့်ကို ခေါ်ယူ လိုတယ်ဆိုရင်လာခဲ့ပါမယ်။ ပြီးတော့အသင်းအဝတ်လဲခန်းကို ကူညီဖို့ ကြိုးစားပေးမှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ခေါင်းဆောင်ပိုင်းမှာ လိုအပ်နေမယ်ထင်လို့ပါ။ ကျနော် ဘောလုံးကစားမှာ မှန်ပေမဲ့ အရေးကြီးဆုံးဖြစ်တဲ့ အသင်းရဲ့စရိုက်လက္ခဏာအတွက် လာကစားပေးချင်ပါတယ်” လို့ ဖာဒီနန်က အာဆင်ဝင်းဂါးကို ဖုန်းဆက်ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အာဆင်ဝင်းဂါးက လက်မခံခဲ့တာကြောင့် ဖာဒီနန်ဟာ ကျူပီအာအသင်းဆီပ ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့လို့ ဝင်းဂါးရဲ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်လို့ ဖာဒီနန်က ပြောပါတယ်။