close

မိုးကုတ်က ဖမ်းဆီးခံလူငယ် ၁၁ ဦးနှင့် အဆက်သွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်တယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ လူငယ် ၁၁ ဦးနဲ့ သြဂုတ် ၂၈ ရက်နေ့ထိ တွေ့ခွင့်မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်ပူပန်နေကြတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

နီးစပ်သူတစ်ဦးက “ဖမ်းသွားတာ နှစ်ပတ်ကျော်ပြီ၊ ဘယ်မှာဖမ်းထားလဲ မသိရဘူး၊ ထမင်းသွားပို့လို့လည်းမရဘူး၊ ရဲစခန်းကိုသွားမေးတော့လဲ မသိဘူးလို့ဖြေတယ်” လို့ ပြောပါတယ်။

ကိုခန့်ကိုကိုကျော်နဲ့သူငယ်ချင်း ၁၁ ယောက်ကို သြဂုတ်လ ၁၁ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီးနောက် မိသားစုနဲ့ လုံးဝ အဆက်သွယ်ပြတ်တောက်နေတာလို့ သိရပါတယ်။

မိသားစုဝင်တွေအနေနဲ့ ဘယ်ကို ဖမ်းသွားလဲဆိုတာကို သိချင်နေကြပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်တွေက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်သူမဟုတ်ဘဲ သပိတ်တွေမှာသာ ရှေ့ဆုံးမှာ ပါခဲ့သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လမှာ အကြမ်းဖက်စစ်အုပ်စေက ဖမ်းဆီးမှုတွေဆက်တိုင်ပြုလုပ်နေပြီး ဒလန်သတင်းပေးတွေနဲ့ ရပ်ကွက်တွေမှာ ဝင်ရောက်ရှာဖွေစစ်ဆေးတာမျိုးတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up