close

ရွှေစျေးနှုန်းတည်ငြိမ်စေရေး ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ဆုံးဖြတ်

ရွှေစျေးနှုန်းတည်ငြိမ်စေဖို့အတွက် ရွှေအရောင်းအဝယ်တွေကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြဖို့ အပါအဝင်ဆုံးဖြတ်ချက် ၅ ရပ်ကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 

ဩဂုတ် ၂၈ ရက်က ကျင်းပတဲ့ အသင်းအစည်းအဝေးမှာ ရွှေအရောင်းအဝယ်တွေကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြဖို့ အသင်းဝင်တွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ ဌာနတွေကို သိရှိအောင် တင်ပြသွားဖို့၊  ဇူလိုင်လပတ် ငွေစာရင်းရှမ်းတမ်းအတည်ပြုဖို့နဲ့ အသင်းက ထုတ်ပယ်သူ ၅၃ ယောက်နဲ့ သေဆုံးသူ ၂၄ ယောက်တို့ကို မှတ်တမ်းထားရှိဖို့ အပါအဝင် ဆုံးဖြတ်ချက် ၅ ရပ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ မြန်မာ့ရွှေအဖွင့်စျေးနှုန်းကတော့ အခေါက်ရွှေတစ်ကျပ်သားကို တစ်ဆယ့်ခြောက်သိန်းရှစ်သောင်း ဝန်းကျင်မှာရှိနေပြီး ကမ္ဘာ့ဈေးက တစ်အောင်စကို  ၈၁၆ ဒေါ်လာ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကတော့ ဘဏ်စျေး ၁၆၇၆ ကျပ် ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး မြန်မာ့ရွှေစျေးဟာ တောက်လျှောက်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုမတိုင်ခင် ဇန်နဝါရီက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် တစ်ဆယ့်သုံးသိန်း အထက်မှာပဲရှိခဲ့ပြီး လက်တလောမှာတော့ ကျပ် ၁၇ သိန်းဝန်းကျင်ထိ မြင့်တက်လာတာဖြစ်လို့ စစ်ကောင်စီလက်ထက်ခုနှစ်လအတွင်း ရွှေစျေး တစ်ကျပ်သားကို ကျပ် ၄သိန်းဝန်းကျင်ထိ မြင့်တက် လာတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up