close

METRO Wholesale Myanmar လုပ်ငန်းရပ်ဆိုင်းမည်ဟု ကြေညာ

နာမည်ကြီး ဂျာမန်လက်ကားကုမ္ပဏီ METRO Wholesale Myanmar က နှစ်လအတွင်း မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်မှုတွေ ရပ်စဲသွားတော့မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ကုမ္ပဏီအနေနဲ့ အခြေအနေအရပ်ရပ်နဲ့ လုပ်ဆောင်လို့ ရနိုင်မယ့် အချက်တွေကို သေချာသုံးသပ်ခဲ့ပေမယ့်  လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် Metro က ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲများစွာ ဖြစ်ပေါ်နေ တယ်လို့ ဆိုပါတယ်။

METRO Wholesale Myanmar ဟာ ရန်ကုန်မှာ စားသောက်ကုန်နဲ့ လူသုံးကုန်တွေ ကို ဖြန့်ဖြူးရောင်းချနေတဲ့ လုပ်ငန်းစုတခုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင်ရင်းနှီး မြှုပ်နှံခဲ့တာဖြစ်ပြီး အချိန် ၂ နှစ်ကျော်အကြာမှာ စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတခု ဖြစ်ပါတယ်။

ရန်ကုန်မြို့ သီလဝါစက်မှုဇုန်ထဲမှာ အဆင့်မြင့်လက်ကားကုန်လှောင်ရုံကိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တည်ဆောက်ခဲ့ပြီး ကနဦးအမေရိကန်ဒေါ်လာ သန်း ၂၀ စတင် ရင်းနှီးမြုပ်နှံခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up