ပီရူးနိုင်ငံ အဝေးပြေးလမ်းတွင် ဘတ်စ်ကားတိမ်းမှောက်ပြီး ခရီးသည် ၂၉ ဦးထက်မနည်း သေဆုံး

ပီရူးနိုင်ငံက အင်ဒီးစ်တောင်တန်းဒေသ အဓိကအဝေးပြေးလမ်းပေါ်မှာ မောင်းလာတဲ့ ဘတ်စ်ကားတစီး သြဂုတ် ၃၁ ရက် မနက်ပိုင်းမှာ ချောက်ထဲ ထိုးကျခဲ့လို့ ခရီးသည် ၂၉ ယောက်ထက်မနည်း သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မာတူကာနာမြို့နား အလယ်ပိုင်း အဝေးပြေးလမ်းပေါ်မှာ ကားက ချောက်ထဲ ထိုးကျခဲ့တာဖြစ်ပြီး ဒါဟာ ဒီရက်ပိုင်းအတွင်း ပီရူးမှာ ဒုတိယမြောက် မတော်တဆမှုလည်း ဖြစ်ပါတယ်။
ဒီနေရာဟာ လီမာမြို့တော်နဲ့ အင်ဒီးစ်တောင်တန်း အလယ်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိက စင်္ကြံလမ်းလည်း ဖြစ်ပါတယ်။
ဘတ်စ်ကားပေါ်မှာ ခရီးသည် ၆၃ ယောက် ပါတယ်လို့ ရဲအရာရှိတယောက်က ဒေသခံ သတင်းဌာန ကန်နယ်အဲန်ကို ပြောပါတယ်။
အင်ဒီးစ် တောင်တန်းဒေသက သတ္တုတွင်းလုပ်သားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး သြဂုတ် ၂၇ ရက်က ချောက်ထဲ ပြုတ်ကျခဲ့လို့ လူ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။