ယူနိုက်တက်နှင့်ဆေးစစ်ပြီးနောက် ပေါ်တူဂီအသင်းတွင် စီရော်နယ်ဒို လေ့ကျင့်ခန်းပြန်ဆင်း

မန်ချက်စတာယူနိုက်တက်ကစားသမားသစ် စီရော်နယ်ဒိုဟာ ပေါ်တူဂီမှာ အသင်းနဲ့ ဆေးစစ်မှု လုပ်ဆောင်ပြီးတဲ့နောက်မှာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရပါတယ်။
စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းဖော် ဘရူနိုဖာနန်ဒက်စ်နဲ့လည်း တွေ့ဆုံပြီး အတူစကားပြောခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ မန်စီးတီး ကစားသမားတွေဖြစ်ကြတဲ့ ဘရန်နာဒိုဆေးလ်ဗား၊ ကန်ဆယ်လို၊ ယူဘင်ဒီယက်ဇ်တို့နဲ့လည်း တွေ့ဆုံခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ရော်နယ်ဒိုနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်ပါ စာချုပ်ထားတယ်လို့ သတင်းထွက်နေပါတယ်။
တချိန်တည်းမှာပဲ ရော်နယ်ဒို ထွက်ခွာတဲ့ အတည်ပြုသတင်းကို ဂျူဗင်တပ်စ်အသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ လာမယ့်စက်တင်ဘာ ၁၁ ရက်မှာ နယူးကာဆယ်နဲ့ ကစားမယ့်ပွဲမှာ ယူနိုက်တက်အတွက် ပွဲထွက် ကစားနိုင်ဖို့ရှိနေပါတယ်။