close

မင်းတုန်းမြို့နယ်က လူငယ် ၉ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ လူငယ် ၉ ဦးကို စက်တင်ဘာ ၃ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ နိုင်ငံရေးလုပ်သူတွေ မဟုတ်ကြဘဲ  အမှတ် ၄ ရပ်ကွက်မှာ နေထိုင်တဲ့ လူငယ်လေးတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ကလေးတွေက ကျောင်းကလည်း မတက်ရတော့ လစ်တာနဲ့ ချောင်းဖျားဘက် တက်ကြတယ်။ အခုရာသီက ရေတံခွန်တွေ ပေါတယ်လေ။ သူတို့သွားရင် ဆိုင်က စားစရာတွေ ပါဆယ်ဘူးနဲ့ ယူသွားတတ်တယ်။ ဒါကို သူတို့က မသင်္ကာတာဖြစ်မယ်”လို့ ဖမ်းဆီးခံရသူတွေထဲက ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။

စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းကလည်း  မင်းတုန်းမြို့နယ် လက်ပံဝရွာက လူငယ် ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

မင်းတုန်းမြို့မှာ တော်လှန်ရေးသမား မရှိသလို အန်အယ်လ်ဒီ လွှတ်တော်အမတ် ၃ ယောက်စလုံး ကလည်း စစ်ကောင်စီထံမှာ  ခံဝန်လက်မှတ်ထိုးထားကြတယ်လို့  သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up