လီဗာပူးအသင်း ပိုကောင်းသည့်တိုက်စစ်မှူးလိုအပ်ဟု ကာရေဂါ ထောက်ပြ

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်ကစားသမားသစ် ဝယ်ယူခြင်းမရှိခဲ့တဲ့ လီဗာပူး အသင်းကို ကစားသမားဟောင်း ကာရေဂါက အားမလိုအားမရဖြစ်နေပါတယ်။
လီဗာပူးအသင်းဟာ ဝိုင်နယ်ဒမ်းနဲ့ ရှာကွီရီတို့ကို ထွက်ခွာခွင့်ပြုခဲ့ပြီး အငှားချထားတဲ့ မီနာမီနိုကို ပြန်ခေါ်ခဲ့ပါတယ်။
တိုက်စစ်ပိုင်းက ဆာလက်၊ မာနေးနဲ့ ဖေမီနိုအတွဲရဲ့နောက်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး အိုရီဂီရှိနဲ့ ဒီယေဂိုဂျိုတာရှိနေပေမယ့် ပိုကောင်းတဲ့ တိုက်စစ်မှူးတွေ လိုအပ်နေတယ်လို့ ကာရေဂါက ထောက်ပြခဲ့တာပါ။
အာဖရိက ဖလားကစားမယ့် ဇန်နဝါရီလမှာ ဆာလာနဲ့ မာနေးတို့ကို နိုင်ငံအသင်း စေလွှတ်ပေးရမယ့်အချိန် အခက်အခဲတွေ့လာနိုင်ပြီး မီနာမီနိုနဲ့ အိုရီဂီတို့ထက်ပိုကောင်းတဲ့ တိုက်စစ်ကစားသမား ဝယ်ခဲ့သင့်ကြောင်း နောက်ခံလူဟောင်း ကာရေဂါကဝေဖန်ခဲ့တာပါ။
တိုက်စစ်ပိုင်းက တောင့်တင်းပေမယ့်လည်း ရေရှည်ကာလမှာ အမြဲတမ်း ကြံ့ခိုင်မှုပြည်ဝနေမယ်လို့ အာမခံနိုင်တာကြောင့် တိုက်စစ်ကစားသမားသစ်တစ်ဦးလောက် ဝယ်ယူသင့်ပေမယ့် မဖြစ်ခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ကာရေဂါက ပြောပါတယ်။
လီဗာပူးအသင်းဟာ ခံစစ်ပိုင်းအတွက် လိုက်ဇစ်နောက်ခံလူ ကိုနာတေးကိုပဲ ပေါင် ၃၆ သန်းခန့်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။