ရွှေ့ပြောင်းနေထိုင်သူများကို ပြည်ဝင်ခွင့်ပြုရန် သမ္မတဂျိုးဘိုင်ဒင်ထံ မက္ကဆီကိုသမ္မတ စာရေးမည်

မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူတွေကို အလုပ်အကိုင်အတွက် ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ကူညီရေး တိုက်တွန်းထားတဲ့ စာတစောင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဆီကို လာမယ့်သီတင်းပတ်မှာ ပို့မယ်လို့ မက္ကဆီကိုသမ္မတ အန်ဒရေမန်နျူယယ်လိုပဲ့ဇ် အိုဘရဒေါက ပြောလိုက်ပါတယ်။
လတ်တလော ထွက်ခွာလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ယာဉ်တန်းနဲ့ ပတ်သက်ပြီး ဘယ်လို စီစဉ်မလဲဆိုတာ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခံရချိန်မှာ မက္ကဆီကို သမ္မတက ခုလို ပြောလိုက်တာပါ။
လမ်းခရီးမှာ ဘေးမတွေ့ရအောင် နိုင်ငံတောင်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းထားဖို့ သူ့အစိုးရက ကြိုးစားချင်တယ်လို့လည်း သမ္မတက စက်တင်ဘာ ၂ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။