ကစားအားမြှင့်တင်ရန် လိုအပ်နေဟု ပြင်သစ်တိုက်စစ်မှူး ဘင်ဇီမာ ဝန်ခံ

ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲဆက်တိုက်သရေကျခဲ့ပြီးနောက် ကစားအား မြှင့်တင်ဖို့လိုအပ်နေတယ်လို့ ပြင်သစ်တိုက်စစ်မှူး ဘင်ဇီမာက ဝန်ခံပြောသွားပါတယ်။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် ၂ ပွဲမှာ ဘော့စနီးယားနဲ့ ယူကရိန်းအသင်းတွေကို သရေရလဒ်တွေသာ ကစားနိုင်ခဲ့တာပါ။
ပွဲစဉ်တိုင်းကတဖြည်းဖြည်းခက်ခဲလာခဲ့ပြီး ကိုယ့်ကိုယ်သာအပြစ်တင်ကြဖို့နဲ့ ပွဲကစားရှိန်ကိုလည်း ပိုပြီး မြှင့်တင်ဖို့လိုအပ်တယ်လို့ အသင်းရဲ့ကစားပုံနဲ့ ပတ်သက်ပြီး ဘင်ဇီမာက သုံးသပ်ခဲ့တာပါ။
ပြင်သစ်အသင်းအနေနဲ့ အလွန်အမင်း ခက်ခဲတဲ့ပွဲစဉ်တွေ ကစားနေရတာမျိုးတော့မဟုတ်ဘဲ ဘောလုံးပေးပို့မှုတွေ ရှေ့ကို မြန်မြန်တင်ပေးမယ်ဆိုရင် ပြိုင်ဘက်ကို ပိုပြီး ထိုးနှက်မှုပြုလုပ်နိုင်လိမ့်မယ်လို့ ဘင်ဇီမာကသုံးသပ်ပါတယ်။
ပြင်သစ်အသင်းဟာ အုပ်စုပွဲစဉ် ၅ ပွဲအပြီးမှာ ၂ ပွဲနိုင် ၃ ပွဲသရေ ကျခဲ့ပေမယ့် အုပ်စုဒုတိယနေရာက ဖင်လန်ကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်နေဆဲဖြစ်ပါတယ်။
ပြင်သစ်ဟာ စက်တင်ဘာ ၈ ရက်မှာ အုပ်စုဒုတိယနေရာက ဖင်လန်နဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ် ပြိုင် ကစားသွားရမှာဖြစ်ပါတယ်။