close

ကမ္ဘာ့ဖလားကို ၂ နှစ် ၁ ကြိမ် ကျင်းပမည့်ကိစ္စ အသားကျရန်မလွယ်ဟု ဆောက်ဂိတ် သုံးသပ်

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ၂ နှစ် ၁ ကြိမ် ပြောင်းလဲကျင်းပမယ့်ကိစ္စဟာ ဒီခေတ် ကစားသမားတွေအတွက် အသားကျဖို့မလွယ်ကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်က သုံးသပ်ပါတယ်။

နည်းပြဆောက်ဂိတ်ဟာ အဲဒီအစီအစဉ်ကို ပြောင်းလဲကျင်းပဖို့ စီစဉ်နေတဲ့ ဖီဖာက ဘောလုံးဖွံ့ဖြိုးရေးအရာရှိဖြစ်သူ အာဆင်ဝင်းဂါးနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်တွေက အာဆင်ဝင်းဂါးနဲ့ ဆွေ့ဆုံခဲ့ပြီး သူဟာ တခြားနည်းပြတွေနဲ့လည်း ကမ္ဘာ့ဖလားကို ၂ နှစ် ၁ ကြိမ် ကျင်းပမယ့်ကိစ္စအပေါ် အကြမ်းဖျင်း ဆွေးနွေးခဲ့ကြတယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။

ကောင်းမွန်တဲ့ အဆိုပြုချက်တစ်ခုဖြစ်ပေမယ့် ဘောလုံးပြက္ခဒိန်နဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ရမယ့်ကိစ္စတွေရှိသေးသလို လက်ရှိကစားသမားတွေအတွက် အသားကျဖို့ခက်ပြီး ထူးဆန်းတဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။

ပိုကောင်းတဲ့ အရည်အသွေးပြည့်ဝတဲ့ ပွဲစဉ်တွေဖြစ်လာမယ်ဆိုရင်တော့ ကောင်းမွန်နိုင်ပြီး လက်ရှိအခြေအနေအရတော့ ဖြေရှင်းရမယ့်ကိစ္စတွေ အများကြီးရှိကြောင်း နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up