ချန်ပီယံဆုလားရယူပြီး သမိုင်းမှတ်တမ်းသစ်ရေးထိုးချင်ဟု အင်္ဂလန်နည်းပြဆောက်ဂိတ် ပြော

အင်္ဂလန်အသင်းအနေနဲ့ အခုနှစ် ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုဖလားရယူပြီး သမိုင်းမှတ်တမ်းသစ်ရေး ထိုးသွားချင်တယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
ဇူလိုင် ၃ ရက်က ကွာတာဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ ယူကရိန်းကို ၄ ဂိုးပြတ်နိုင်ကာ ဆီမီးဖိုင်နယ်တက်သွားပြီးနောက် နည်းပြဆောက်ဂိတ်က ပြောဆိုလိုက်တာပါ။
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲဗိုလ်လုပွဲကို တစ်ကြိမ်တခါမှ မရောက်ခဲ့ဖူးသလို ချန်ပီယံလည်း တစ်ကြိမ််မှ မဖြစ်ခဲ့ဖူးပါဘူး။
ဆီမီးဖိုင်နယ်မှာ ဒိန်းမတ်နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်းမှာ ကစားရမှာဖြစ်သလို ဗိုလ်လုပွဲကိုလည်း အိမ်ကွင်းမှာပဲလက်ခံကစားရမှာ ဖြစ်ပါတယ်။
သုံးနှစ်အတွင်းမှာ ၃ ကြိမ်မြောက် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး အံ့အားသင့်စရာဖြစ်ကြောင်း၊ နောက်ထပ် နှစ်ဆင့်ကို ထပ်ပြီး ကျော်ဖြတ်ချင်ကြောင်းနဲ့ သူတို့မှာ ယုံကြည်မှုတွေရှိနေပြီး ကစားသမားတွေကလည်း ဘာလုပ်နိုင်သလဲဆိုတာ သိကြပြီဖြစ်ကြောင်း နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။
ဒီအဆင့်မှာတင် ကျေနပ်လို့မရဘဲ နောက်ထပ်စိန်ခေါ်မှု နှစ်ခုကိုလည်း ရင်ဆိုင်နိုင်ဖို့ အစောကတည်းက ကြိုတွေးထားပြီးဖြစ်ကြောင်း၊ သူတို့ ယူရိုဗိုလ်လုပွဲ တခါမှာ မရောက်ခဲ့ဖူးကြောင်းနဲ့ ဒါက သမိုင်းသစ်ရေးထိုးဖို့ နောက်ထပ် အခွင့်အရေးတစ်ခုဖြစ်ကြောင်းလည်း နည်းပြဆောက်ဂိတ်က ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ကန်ပြီးသွားတဲ့ ယူရို ပွဲစဉ် ၅ ပွဲမှာ ပေးဂိုးလုံးဝမရှိသေးဘဲ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။