ဘန်ကောက်တွင် ကိုဗစ်ကာကွယ်ဆေးနယ်လှည့်ဘတ်စ်များဖြင့် ထိုးနှံမှုစတင်(ဓာတ်ပုံ)






ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမြို့တော် ဘန် ကောက်မှာ နယ်လှည့်ဘတ်စ်တွေနဲ့ ထိုးနှံမှုအစီအစဉ်ကို စတင်လိုက်တယ်လို့ သိရပါ တယ်။
ဘန်ဖလပ်ဒေသတွင်း ကာကွယ်ဆေးထိုးနှံမှုကိုတော့ မြို့တော်ဝန် အက်စ်ဝင် ကွမ် မောင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒီအစီအစဉ်က မြို့တော်အတွင်း ရောဂါကူးစက်မှု အန္တရာယ်မြင့်တဲ့ နေရာတွေက ပြည်သူတွေကို ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဘန်ဖလပ်ဒေသကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ဖျော်ဖြေရေးလုပ်ငန်း တွေနဲ့အတူ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဆိုးဆိုးဝါးဝါး ခံရတဲ့ ဒေသတခု ဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးနယ်လှည့်ဘတ်စ်တွေနဲ့ ထိုးနှံပေးတဲ့ ရည်ရွယ်ချက်ကတော့ ကာကွယ်ဆေးထိုးနှံပေးတဲ့ နေရာတွေဆီ သွားလာရအခက်အခဲရှိသူတွေ၊ အများပြည်သူ နဲ့ ဆိုင်တဲ့ နေရာတွေမှာ ရောဂါကူးစက်ပျံ့ပွားမှုတွေ လျှော့ချနိုင်ဖို့ဖြစ်တယ်လို့ ဘန် ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဒီကာကွယ်ဆေးထိုးအစီအစဉ်မှာတော့ ခရိုင်၊ ဒေသအလိုက် အုပ်ချုပ်ရေးတာဝန်ရှိ သူတွေက စောင့်ရမယ့်အချိန်နဲ့ လူစုလူဝေးမဖြစ်စေဖို့ စီစဉ်ပေးသွားကြမယ်လို့ ဆိုပါ တယ်။
ကိုဗစ်ကာကွယ်ဆေးနယ်လှည့်ဘတ်စ်တွေနဲ့ ထိုးနှံပေးမယ့် အစီအစဉ်မှာ မသန် စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်လူမမာတွေကို ဦးစားပေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံမယ့်သူတွေအနေနဲ့ ကနဦးစစ်ဆေးမှုခံယူပြီး မှတ်ပုံတင်ကာ မိနစ် ၃၀ ကြာ ဘေးထွက်ဆိုးကျိုးရှိမရှိ စစ်ဆေးပေးသွားမှာဖြစ်ပြီး ဒုတိယတကြိမ် ကာ ကွယ်ဆေးထိုးနှံပေးမယ့် ရက်ချိန်းကိုပါ တပါတည်းပေးသွားမယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ကိုဗစ်ကာကွယ်ဆေးနယ်လှည့်ဘတ်စ်တစီးမှာ လူဦးရေ ၁,၀၀၀ သာ ထိုးနှံပေးနိုင်မှာဖြစ်ပြီး ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က နောက် ထပ်ကား ၇ စီး ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။
photo-nationthailand