close

ကရင်နီ(ကယား) ပြည်နယ်တွင် စစ်ရေးအရှိန်မြင့်တက်နိုင်၍ အထူးဂရုပြုရန် KSCC တိုက်တွန်း

ကရင်နီ (ကယား) ပြည်နယ်အတွင်း စစ်ရေးအရှိန်မြင့်တက်လာဖွယ်ရှိပြီး တိုက်ပွဲများ ပိုမိုစိတ်လာနိုင်တဲ့အတွက် ကရင်နီပြည်နယ်သူ ပြည်နယ်သားအနေနဲ့ အထူးဂရုပြုကြဖို့  ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ထုတ်ပြန်သတိပေးလိုက်ပါတယ်။

ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်နေတာ အခုနှစ် မေလ ၂၃ ရက်နေ့ကတည်းက စတင်ခဲ့ပြီး လက်ရှိအချိန် စစ်ကောင်စီတပ်တွေရဲ့ နယ်မြေစစ်ကြောင်းထိုးမှုကြောင့် ကရင်နီပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ဒါ့အပြင်  စက်တင်ဘာ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးအတွက် နိုင်ငံတော်အရေးပေါ်အခြေအနေတရပ် ကြေညာခဲ့တဲ့အတွက် ကရင်နီပြည်နယ်မှာ စစ်ရေးစစ်ရှိန်မြင့်တက်လာဖွယ်ရှိနေတယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် ကရင်နီ (ကယား) ပြည်နယ်သူ ပြည်နယ်သားအနေနဲ့ စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ မိမိလုံခြုံရေးကို အထူးဂရုစိုက်ဖို့၊ ပြည်သူကာကွယ်ရေးတပ်တွေဖြစ်တဲ့ (KA, KNDF, PDFs) တို့ရဲ့ လုံခြုံရေးဆိုင်ရာ ညွန်ကြားချက်ကို စနစ်တကျလိုက်နာဖို့၊ မလိုအပ်ဘဲ အပြင်ထွက်တာနဲ့ အသွားအလာ သတိပြုဖို့၊ မှန်ကန်သော သတင်းစီဆင်းမှုကိုသာ အတည်ပြုဖို့နဲ့ မြေပြင်မှာ ပြည်သူအချင်းချင်းကြား မှန်ကန်တဲ့ သတင်းပေးမှုနဲ့ မိမိတို့လုံခြုံရေးအတွက် ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေအနေနဲ့ မိမိတို့ရောက်ရှိရာ ကျေးရွာ၊ စစ်ရှောင်စခန်းရဲ့ သတ်မှတ်ထားတဲ့ ကိုဗစ်-ကာကွယ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့၊ မိမိပတ်ဝန်းကျင်မှာ စစကောင်စီသတင်းပေးဒလန်ရှိပါက နီစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အမြန်အသိပေးပြီး စစ်ရှောင်စခန်းဆီ ခေါ်ဆောင်သွားခြင်းမပြုဖို့ နိုးဆော်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုက်ချေမှုန်နိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ လုံခြုံရေးနဲ့ မိမိလုံခြုံရေးအတွက် ပူးပေါင်းပါဝင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up