ယူနိုက်တက်ပရိသတ်များ အားပေးပုံ အံ့အားသင့်စရာဖြစ်ကြောင်း စီရော်နယ်ဒို ချီးကျူး

နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းပရိသတ်တွေရဲ့ အားပေးပုံက အံ့အားသင့်စရာဖြစ်ကြောင်း စီရော်နယ်ဒိုက ချီးကျူးပါတယ်။
စီရော်နယ်ဒိုဟာ သူ့ရဲ့တစ်ကျော့ပြန် ပွဲဦးထွက်မှာ အနိုင်ဂိုး ၂ ဂိုးသွင်းယူပေးခဲ့ပြီး အသင်းကလည်း ၄ ဂိုး ၁ ဂိုးနဲ့နိုင်ပွဲရခဲ့တာပါ။
အဲဒီပွဲစဉ်မှာ မန်ယူနိုက်တက်ပရိသတ်တွေဟာ စီရော်နယ်ဒိုရဲ့ အမည်ကို တစ်ပွဲလုံးအော်ဟစ်ကာ အားပေးခဲ့ကြပြီး ပွဲအစကနေအဆုံးအထိ အားပေးပုံက အံ့အားသင့်စရာကောင်းပြီး အဲဒီလို အမည်ကိုခေါ်ဆိုပြီး ပွဲချိန်ပြည့်အားပေးလိမ့်မယ်လို့မထင်ခဲ့ကြောင်း ရော်နယ်ဒိုကပြောပါတယ်။
"ပရိသတ်တွေရဲ့ ဧည့်ခံပုံကတော့ အံ့မခန်းပါပဲ။ ဒီကိုပြောင်းရွှေ့လာတာက အသင်းကို ကူညီပြီး နိုင်ပွဲတွေရဖို့နဲ့ ယူနိုက်တက်နဲ့ ထိုက်တန်တဲ့နေရာကို ပြန်ပြီး ရယူနိုင်ဖို့ဖြစ်ပါတယ်" လို့ ရော်နယ်ဒိုက ပွဲအပြီးမှာပြောပါတယ်။
နည်းပြဆိုးရှားကလည်း ခြေစွမ်းပြခဲ့တဲ့ ရော်နယ်ဒိုကို ချီးကျူးခဲ့ပြီး ရော်နယ်ဒိုဆိုတာဘာလဲနဲ့ ယူနိုက်တက်ဆိုတာ ဘာလဲဆိုတာကို သက်သေပြခဲ့ကြောင်း ပြောပါတယ်။