close

ကလေးမြို့နှင့် ဂန့်ဂေါအကြား မော်တော်ကားများ မသွားလာရန် ကလေး PDF သတိပေး

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ဂန့်ဂေါမြို့ကြား မော်တော်ကားများ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ PDF (Kalay) က အရေးကြီးသတိပေးချက် ဒီမနက်က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအခြေအနေတွေကြောင့် ကားတွေ မဖြတ်သန်းကြဖို့ အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ပေမယ့် ဆက်လက်သွားလာနေကြတာကြောင့် ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့မနက်ပိုင်းကစပြီး ဂန့်ဂေါမြို့နယ်၊ နှမ်းခါးနဲ့ ထှယ်လှော်ရွာကြားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က အရပ်ဘက်ယာဉ်တွေသုံးပြီး စစ်အင်အားဖြည့်တင်းနေတာကြောင့် ဘယ်ကားမှ သွားလာခွင့်မပေးဖို့ ပိတ်ပင်ကန့်သတ်ခဲ့တာလို့ဆိုပါတယ်။ 

ဒါကြောင့် ကလေးဘက်ကနေ ဂန့်ဂေါဘက်ကို မည်သည့်ကားမှ လာရောက်ခြင်းကိုခွင့်မပြုကြောင်းနဲ့ လာရောက်ပါက မလွွှဲမရှောင်သာ တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up